37 C
Yangon

ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသနှင့် လူငယ်တချို့ကို စစ်တပ်က ဖမ်း ဆီးပြီး လူငယ်တချို့ကို သတ်ဖြတ် အလောင်းဖျောက်၊ ပြည်ကြီးတံခွန်ဆရာတော်လည်း ပျောက်ဆုံးနေ

Must read

ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသနှင့် လူငယ်တချို့ကို စစ်တပ်က ဖမ်း ဆီးပြီး လူငယ်တချို့ကို သတ်ဖြတ် အလောင်းဖျောက်၊ ပြည်ကြီးတံခွန်ဆရာတော်လည်း ပျောက်ဆုံးနေ

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ယင်းကျေးရွာအနီးတွင် ရှိနေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသ နှင့် လူငယ်တချို့ကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးကာ လူငယ်တချို့ သတ်ဖြတ် အလောင်းဖျောက်ခံရကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးရှိ PDF စခန်းများကို စစ်တပ်က လိုက်လံစီးနင်း ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ကာ ပြည်ကြီးတံခွန်ဆရာတော်နှင့် လူငယ်တချို့ပါ ဖမ်းဆီးခံရကြောင်း၊ လူငယ် တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရကြောင်း သိရှိရသည်။

“ဆရာတော်က မတ်လ ၅ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာပါ။ မြင်းမူနဲ့ မြောင်မြို့နယ် အကြားမှာ ကူးလူးသွားလာပြီး ဆရာတော်က စစ်ဘေးရှောင် ကူညီရေး အဓိက လုပ်ပေးနေတာ။ လက္ကာပင်ရွာမှာ အဖမ်းခံရတာလား၊ အဲဒီအနားက PDF စခန်းမှာပဲ အဖမ်းခံရလား ကျနော်တို့ သေချာမသိရသေးဘူး။ လူငယ်တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရတယ်။ ဆရာတော် အခြေအနေကလည်း အလွန်စိုးရိမ်စရာပဲ။ စစ်ကိုင်းမှာ စစ်ကြောင်းတွေက ပြည်သူ တွေကို ဖမ်းဆီးမိသွားရင် ရဲစခန်းပို့ တရားစွဲတာ မလုပ်တော့ပါဘူး။ တစ်ခါ တည်း မေးပြီး နှိပ်စက် သတ်ပစ် လိုက်တာပဲ။ အခုကတော့ စစ်တပ်က အစုလိုက် အပြုံလိုက် သတ်တာတွေ အလောင်းတွေ သက်သေတွေနဲ့ သတင်းတွေ ထွက်နေတော့ အလောင်း ဖျောက်တာတွေ စစ်တပ်ဘက်က လုပ်လာပြီ။ စစ်တပ်က လူတွေ ဖမ်းဆီးပြီး သတ်လိုက်ရင်တောင် အခုက အလောင်းက ဘယ်ရှာရမှန်းမသိတော့ဘူး” ဟု ပြည်ကြီးတံခွန်ဆရာတော်နှင့် ချိတ်ဆက် ဆောင်ရွက်နေသော တော်လှန်ရေးရဲဘော် တစ်ဦးက ပြောသည်။

ပြည်ကြီးတံခွန်ဆရာတော်ကို ဖမ်းဆီးသွားသော စစ်ကြောင်းမှာ စစ်ကိုင်းမြို့ နယ်၊ တာတိုင်ကျေးရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်တပ် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article