28 C
Yangon

ဖယ်ခုံတိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိ

Must read

ဖယ်ခုံတိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိ

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကုရင် ကျေးရွာအုပ်စု တောင်ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၁၉ ဦးသေဆုံးပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းမိကြောင်း ဖယ်ခုံ PKPDF 2 မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် နံနက်အစောပိုင်း ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်လာကြောင်း သတင်းရှရိသဖြင့် PKPDF 2 တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက တောနင်းရှာဖွေရာ နံနက် ၁၀ နာရီခွဲအချိန်တွင် ထိတွေ့မှု စတင်ဖြစ်ပွားကြောင်း၊ ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှု ရှိနေသောကြောင့် ခက်ခက်ခဲခဲ တိုက်စစ် ဆင်စစ်ခဲ့ရကြောင်း၊ မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ် အထိနာပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်သား ၆ ဦးကိုမူ အရှင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီအချိန် တောလမ်းတစ်နေရာတွင် ဖယ်ခုံ PDF ၏ ကင်း‌ထောက်တပ်စိပ်နှင့် ဆုတ်ခွာထွက်ပြေးလာသော စစ်တပ်တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့မှုတွင် PKPDF2 ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း၊ ယင်းနေ့တွင်ပင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ အရာရှိ အပါအဝင် စစ်သား ၁၉ လောင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၆ ဦးနှင့်ပတ်သက်၍ “ဒါကတော့ အရင်ကတည်းက စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်း သိမ်းထားပါတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲဗျ။ ဖြည့်စွက်စရာ မရှိတော့ပါဘူး” ဟု ဖယ်ခုံ PKPDF 2 မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article