28 C
Yangon

ဖယ်ခုံ၊ ခေါင်းအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသား လူငယ် ၁ ဦးနှင့် ညီဖြစ်သူ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး

Must read

ဖယ်ခုံ၊ ခေါင်းအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသား လူငယ် ၁ ဦးနှင့် ညီဖြစ်သူ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မတ် ၂

ကယားပြည်နယ်၊ ခေါင်းပိကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လက် နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များသည် ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းကို ကျရောက်ခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ဗိုက်ပွင့် စိုးရိမ်ရ နှင့် ၈ နှစ် အရွယ် ကလေး ၁ ဦး နံရိုးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့​​ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင်လည်း ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသား ၁ ဦးနှင့် ၎င်း၏ ညီဖြစ်သူ အသက် ၁၅ နှစ် အရွယ် ညီဖြစ်သူ ၁ ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် အမှတ် ၁၁ တပ်ရင်းထံက ထုတ်ပြန်ထားသည်။

” အစ်မက CDM အိမ်လဲဆုံးရှုံးထားပြီးပြီ ။ အခု မောင် ၂ ယောက်ပါ ထပ်ဆုံးရပြန်ပြီပေါ့ ပေးဆပ်မှုများလွန်းတဲ့ တော်လှန်ရေးခရီးကြမ်း” ဟု ဒေသပြည်သူတစ်ဦးက စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသော ညီအစ်ကို ၂ ဦး၏ မိသားစုအကြောင်းကို လူမှုကွန်ရက်တွင် မှတ်ချက်ပြု ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article