37 C
Yangon

ဖားကန့်မြို့တွင် ကားရပ်မပေးဟုဆိုကာ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ မြောင်တွင်လည်း အသက် ၇၀ အရွယ် အဘိုးအို ဦးသန့်ကို စစ်တပ်က ပစ်သတ်

Must read

ဖားကန့်မြို့တွင် ကားရပ်မပေးဟုဆိုကာ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ မြောင်တွင်လည်း အသက် ၇၀ အရွယ် အဘိုးအို ဦးသန့်ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မတ် ၁၉

ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာတွင် ကားရပ်မပေး ဆို သော အကြောင်းပြချက်ဖြင့် ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

မတ် ၁၇ ရက်နေ့ နံနက် ၃ နာရီအချိန် ဆိပ်မူ ရပ်ကွက်တွင် စစ်ကြောင်းထိုး ကင်း ပုန်းဝပ်နေသော အကြမ်းဖက်စစ်တပ် အဖွဲ့ဝင်က ကားတစ်စီးကို တွေ့ရှိ၍ ရပ်ခိုင်း ကာ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ကားမရပ်ဆိုသော အကြောင်း ပြချက်ဖြင့် စစ်တပ်က ဝိုင်းပစ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကားမောင်းလာသူ ဖားကန့် မော်လကင်ကျေးရွာနေ အသက် ၃၀ ခန့်အရွယ် မရန်လအောင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက် ၃ နာရီလောက်မှ ဖားကန့် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာပေါ့နော် ။ အဲဒီမှာ ကားစီးလာတဲ့ ပြည်သူတစ်ယောက် ကို စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးတော့ ကားရပ်ဆိုတာ မရပ်ပေးလို့ ဆိုပြီး ပစ်သတ်လိုက်တာ။ သူ စီးလာတဲ့ ကားကလည်း ကားဘီး သုံးဘီးစလုံး သေနတ်မှန်တာပေါ့။ မှန်ပြီးတော့ သူလည်း သေသွားတာပေါ့။ ပစ်သတ်ခံရတဲ့ လူက ဖားကန့် မော်လကင် ကျေးရွာမှာနေတဲ့ မရန်လအောင် ပါ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ ပြောကြားသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေး ရွာသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်ပြည်သူ မင်း တန်းရွာသား အသက် ၇၀ နှစ်အရွယ် ဦးသန့်ကို ပစ်သတ်သွားကြောင်း သိရှိ ရသည်။

“ဦးသန့်က စစ်ဘေးရှောင်ရင်းမှာ စစ်ကြောင်းနဲ့တိုးပြီး စစ်တပ်က ပစ်သတ် သွား တာ။ ဘာမှ မေးမြန်းတာမရှိဘဲ တန်းပြီး ပစ်သတ်တာပါ” ဟု ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ-မြောင်မြို့နယ်၊ မင်းတန်းကျေး ရွာသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်ပြည်သူ မင်းတန်းရွာသား အသက် ၇၀ နှစ်အရွယ် ဦးသန့်ကို ပစ်သတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article