40.9 C
Yangon

ဘာရိန်းနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာ ပါလီမန်များညီလာခံတွင် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာ လွှတ်တော် ကိုယ် စားလှယ်အဖွဲ့ တက်ရောက်

Must read

ဘာရိန်းနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာ ပါလီမန်များညီလာခံတွင် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာ လွှတ်တော် ကိုယ် စားလှယ်အဖွဲ့ တက်ရောက်

ရန်ကုန်၊ မတ် ၁၄

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် ၁၄၆ ကြိမ်မြောက် နိုင်ငံတ ကာ ပါလီမန်များ ညီလာခံကို NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်း ဆောင်သည့် မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တက်ရောက်လျက် ရှိကြောင်း သိရသည်။

မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံ အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင် တက်ရောက် လျက်ရှိပြီး နိုင်ငံတကာ ပါလီမန်များ အဖွဲ့ ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco အပါအဝင် ညီလာခံသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ညီလာခံ၏ General Debate ၌ မြန်မာ့အရေးအခြေအနေများကို တက်ရောက်ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတကာ လွှတ်တော်များသို့ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်း အဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆက်လက် ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်နှင့် အကြံပေးအဖွဲ့ဝင်တစ်ဦးတို့ ပါဝင်မည်ဖြစ်​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article