32 C
Yangon

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်

Must read

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်

ရန်ကုန်၊ မတ် ၉

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘု ရား ငုတ်တို ကွင်း အနီးရှိ စစ်ကောင်စီ၏ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဘီးလင်းမြို့နယ်အတွင်းရှိ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းဖြစ်ပြီး မိုင်းခွဲပြီးနောက် မီးတောက်များဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများအားလုံး မီး တောက်များ မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

” ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုရှိ ဘုရားငုတ်တို ကွင်းနားမှာရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်း မိုင်းခွဲဖျက်စီးခံရ၍မီးများလောင်နေခဲ့ပါတယ်။ ဒီမနက် ၄ နာ ရီ အချိန်ဖြစ်တာပါ။ လူထိခိုက်မှုမရှိပါဘူး။ လယ်ကွင်းများမှ စပါးခင်းများပျက် စီးမှု ရှိပါတယ်။ ထိုင်းနိုင်ငံကိုပို့တဲ့ဓါတ်ငွေ့ပိုက်လိုင်းလည်းဖြစ်တယ်။ အခုဖြစ် ပွားတဲ့အခင်းဖြစ်နေရာက ရှမ်းရှောင်းကျေးရွာ၊ တောင် စွန်းရဲစခန်းနဲ့နီးပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ နံနက်ပိင်း ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ အနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ် အား ပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article