26 C
Yangon

ဘုတလင်မြို့ပေါ်ရှိ ဂိတ်သစ်ဈေးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စျေးခန်းများနှင့် ရွှေဆိုင်များမှ ပိုက်ဆံ၊ လက်ဝတ်ရတနာများပါ စစ်သားများက ခိုးယူ၊ မီးသတ်က စစ်တပ် မီးရှို့မှုဖြစ်၍ မီးမငြိမ်းရဲဘဲ ပြာကျမှ လာရောက်

Must read

ဘုတလင်မြို့ပေါ်ရှိ ဂိတ်သစ်ဈေးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စျေးခန်းများနှင့် ရွှေဆိုင်များမှ ပိုက်ဆံ၊ လက်ဝတ်ရတနာများပါ စစ်သားများက ခိုးယူ၊ မီးသတ်က စစ်တပ် မီးရှို့မှုဖြစ်၍ မီးမငြိမ်းရဲဘဲ ပြာကျမှ လာရောက်

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်ရှိ ဂိတ်သစ်ဈေးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၃၀ ကျော်ခန့်သည် ဘုတလင်မြို့ပေါ်ရှိ ဂိတ်သစ်ဈေးကို ဝင်ရောက် စီးနင်းပြီး စျေးသည်များ၊ စျေးဆိုင်ပိုင်ရှင်များနှင့် ရွှေဆိုင် ပိုင်ရှင်များကို စျေးအတွင်းမှ မောင်းထုတ်ပြီး စျေးသည်များနှင့် ဆိုင်ရှင်များ၏ ပိုက်ဆံများ လက်ဝတ်ရတနာများကိုပါ စစ်သားများက စိတ်ကြိုက် ခိုးယူပြီးနောက် စျေးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စျေးတစ်ခုလုံးနီးပါးကို ပြာကျသွားတာ မီးသတ်တွေကလည်း အကုန်ပြာဖြစ်မှ ရောက်လာကြတယ်။ စစ်ခွေးတွေက လူတွေ အကုန်လုံးကို စျေးထဲက မောင်းထုတ်ပြီး ပိုက်ဆံတွေ လက်ဝတ်ရတနာတွေအကုန် စိတ်ကြိုက် ခိုးယူပြီးမှ စျေးကို မီးရှို့သွားတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်းသို့ ဂိတ်သစ်စျေးကို မီးရှို့ဖျက်ဆီးခြင်းသည် မတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းက ဘုတလင်မြို့ပေါ်၌ အကြမ်းဖက် စစ်တပ် ကင်းလှည့်ကားကို PDF တပ်ဖွဲ့များ တိုက်ခိုက်ခြင်းကြောင့် စစ်သားများ သေဆုံးပြီး လက်နက်များ ပါသွားကာ ပြည်သူများက PDF သတင်းမပေးခြင်းကြောင့် မီးရှို့ခြင်းဖြစ်ကြောင်း၊ မီးရှို့ခံနေရသည့် ဂိတ်သစ်ဈေးသည် ဘုတလင်မြို့ အလယ် ဗန္ဓုလ ရုပ်ထုအနီးတွင်ရှိပြီး စစ်တပ် ကင်းလှည့်ကား ပစ်ခံရသည့် နေရာနှင့် အနီးဆုံးတွင် ရှိသော ဈေးတစ်ခုဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article