32 C
Yangon

ဘုတလင်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဘုတလင်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းနေပြီး ကျေးရွာ ၈ ရွာက ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး အနီးအနားရှိ ကျေးရွာများအပါအဝင် ကျေးရွာ ၈ ရွာက ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့တွင်လည်း ပိုးကုန်းရွာ၌ တပ်စွဲနေထိုင်ခဲ့ပြီး ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပိုးကုန်း​ရွာမှ ထွက်စဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သားရိုးကုန်းရွာ အတွင်းသို့ ဝင်ရောက်သွားကာ စစ်သားများ ထိခိုက် သေဆုံးမှု အ​ခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အခုပြေးနေရတာ ဇီးတော၊ ကံသစ်၊ ပိုးကုန်း၊ ကျီးပင်ချောင်၊ ကျောက်မန်းတို့ အပါအဝင် အားလုံးပေါင်း ၈ ရွာလောက်ရှိတယ်။ တိမ်းရှောင်နေရတဲ့ ပြည်သူ အရေအတွက်က ၈၀၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေးအင်အား ၅၀ ကျော် လောက်ရှိမယ်။ တစ်ရွာဝင်တစ်ရွာထွက်ကို လုပ်နေတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိသေးဘူး။ အခု စစ်ခွေးတွေ သားရိုးကုန်းဘုန်းကြီးကျောင်းမှာ စခန်းချပြီး ရွာသူရွာသားတွေကို ဖုန်းမဆက်ဖို့ လော်စပီကာနဲ့ သတိပေးနေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article