37 C
Yangon

ဘုတလင်၊ ဆုံကုန်းကျေးရွာတွင် သက်ကြီး ရွယ်အို ၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

ဘုတလင်၊ ဆုံကုန်းကျေးရွာတွင် သက်ကြီး ရွယ်အို ၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

■ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျပြီး နွား ၂၁ ကောင်ပါ မီးလောင်သေဆုံး

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ရာ သက်ကြီးရွယ်အို ၇ ဦး မီးလောင်သေဆုံးခဲ့ကြောင်း Chindwin Brothers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ယနေ့မတ်လ ၂၅ ရက် နံနက် ၈ နာရီခန့်က ဘုတလင်မြို့မှ အင်အား ၅၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကြောင်းက ဆုံကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ကျော်မီးလောင်ပြာခဲ့ပြီး ထွက်ပြေးနိုင်ခြင်းမရှိ သည့် သက်ကြီးရွယ်အို ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သက်ကြီးရွယ်အို ၇ ဦးပဲသိရသေးတယ်၊ ပြည်သူတွေကလည်း ထွက်ပြေးနေ ကြရလို့ ဘယ်သူ၊ ဘယ်ဝါ‌ တွေပါသွားလဲ မသိရသေးဘူး၊ စာရင်းတော့ ကောက် နေတုန်း၊ ရွာထဲဝင်ပြီး ဆက်မကြည့်နိုင်တော့လို့ ပြန်လာခဲ့ရတာ၊ အခုအဲဒီခွေးစစ် ကြောင်းက ဘုတလင်မြို့ ထဲဝင်သွားပြီလို့တော့ ကြားတယ်၊ အတိအကျ တော့ မသိရသေးဘူး၊ ပြည်သူမိသားစုပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ဖြစ်သွားပြီ၊ စကစ တစ် သိုက် ကို မကျေနပ် နိုင်ဘူး၊ အခွင့်သာလျှင်သာသလို တိုက်ခိုက်ချေမှုန်း သွား မယ်” ဟု Chindwin Brothers အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် နွား ၂၁ ကောင်လည်း မီးလောင်သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့မတ်လ ၂၄ ရက် နံနက်ပိုင်းကလည်း ဘုတလင်မြို့နယ်၊ ဇီးတော ကျေး ရွာ ၌ ညအိပ်တပ်စွဲထား သော အကြမ်းဖက်စစ်သား ၁၀၀ ခန့်သည် ဘုတလင်မြို့ သို့ ထွက်ခွာလာစဉ် ကံသစ်ရွာနှင့် ညောင်ပင် ကန်ကျေးရွာကြားအရောက် Chindwin Brothers အဖွဲ့နှင့် ဗိုလ်ပွကြီးအဖွဲ့ပူး‌ပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်သားဒဏ်ရာရရှိ၍ စစ်ကြောင်းရပ်တန့်နေစဉ် ဗိုလ်တိုက်မောင်း၊ တပင်ရွှေ ထီး၊ Anonymous Hero အဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး သားရိုးကုန်းရွာ အရှေ့ ဘက် အရောက် မိုင်းကွင်း ၃ ခုဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံး ထိခိုက် ဒဏ်ရာရရှိမှုများပြား ခဲ့ပြီး အရေအတွက် အတိအကျမသိရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article