30 C
Yangon

ဘုတ်ပြင်းမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်မှု ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် သေဆုံးပြီး သေနတ် ၅ လက် အပါ အဝင် ခဲယမ်းများသိမ်းဆည်းရရှိ

Must read

ဘုတ်ပြင်းမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်မှု ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် သေဆုံးပြီး သေနတ် ၅ လက် အပါ အဝင် ခဲယမ်းများသိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၇

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့နယ်နယ်ခွဲ၊ မ သေ ကျေးရွာ အုပ်စု၊ ဝါးကျွန်းကျေးရွာရှိ အကြမ်းဖက်စစ် တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သေဆုံးပြီး သေနတ် ၅ လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့မတ်လ ၂၇ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က အဆိုပါအကြမ်း ဖက် စစ် တပ်လက်အောက်ခံ ပြည်သူ့စစ် စခန်းအား ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်း မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ စစ် ခေါင်း ဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများမှာ AK 47 ၄ လက်၊ AK ကျည် ဘောက် ၅ ခု၊ M 16 ၁ လက်၊ M16 ကျည်ဘောက် ၁၁ ခု၊ လက်ပစ်ဗုံး(နာနတ်သီး) ၃ လုံး၊ လက်ပစ်ဗုံး (မင်းဂွတ်သီး) ၁ လုံး၊ M16 ကျည် ၁၇၀ တောင့် ၊ AK 47 ကျည် ၃၅၅ တောင့် ၊ ထိုင်ဖုန်း ၁ လုံး၊ စမတ်ဖုန်း ၁ လုံး၊ Equipment ၁ စုံ ၊ လက်ထိပ် ၂ စုံ၊ ဓားရှည် ၂ ချောင်း၊ ဓာတ်မီးတစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article