36 C
Yangon

ဘော်လခဲရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် KA/KNDF ရဲဘော် ၁၀ ဦးကျဆုံးပြီး ၃ ဦး အ ပြင်းအထန်ဒဏ်ရာရ

Must read

ဘော်လခဲရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် KA/KNDF ရဲဘော် ၁၀ ဦးကျဆုံးပြီး ၃ ဦး အ ပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၉

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ အ ကြမ်းဖက် စစ်တပ်စခန်းကုန်းသိမ်းပိုက်တိုက်ပွဲတွင် KA/KNDF ရဲဘော်ကျဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ အတည်ပြုပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်​နေ့ နံနက် ၆ နာရီခွဲခန့်အချိန် ဘော်လခဲမြို့နယ်ရှိ ခလရ ၁၃၅ ၊ ခလရ ၅၄ နှင့် အမြောက် တပ်အမှတ် ၃၆၀ တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ် ၁၄၄၁ စခန်း ၂ ခုကို ကရင်နီတပ်မ တော်(KA)တပ် ရင်း ၁ ၊ တပ်ရင်း ၅ နှင့် KNDF ပူးပေါင်းတပ်တို့က ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသိမ်းပိုက်နိုင်ခဲ့ပြီး ၁၂၀ မမ လက် နက်ကြီး ၂ လက်ကို သယ်ထုတ်ခဲ့​ကြောင်း၊ စစ်တပ်က တိုက်လေယာဉ် ၅ စီး၊ လက်နက်ကြီးပစ်ကူ များဖြင့် တိုက်ခိုက်မှုကြောင့် KA/KNDF ရဲဘော် ၁၀ ဦးကျဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လက်နက်ကြီးက အရမ်းလေးတော့ ရဲဘော်တွေ အများကြီးနဲ့ ထမ်းထုတ်နေတုန်း လက်နက်ကြီးကျည် က အနားမှာကျကွဲပြီး ကျဆုံးဒဏ်ရာရတာတွေများသွားတာ၊ စစ်တပ်က တိုက်လေယာဉ်ရော၊ လက်နက် ကြီးပစ်ကူရောဆိုတော့ ထိခိုက်မှုများသွားတာပေါ့၊ ဆေးရုံအထိပို့ရတာက ၃ ဦးရှိတယ်၊ တခြားလက်နက် ကြီးစထိမှန်လို့ ဒဏ်ရာရတဲ့သူတွေက ၁၅ ဦးရှိတယ်” ဟု ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ အတည်ပြုပြောကြားသည်။

ကျဆုံးရဲဘော်များမှာ KA တပ်ဖွဲ့မှ ၈ ဦး၊ KNDF တပ်ဖွဲ့မှ ၂ ဦးဖြစ်ပြီး ကျဆုံးရဲဘော်များကို မတ်လ ၆ ရက် နေ့က သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်​ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၁၂ ၀ မမ လက်နက်ကြီး ၁ လက်၊ ၉ မမ သေနတ် ၁ လက်၊ အာပီဂျီ- ၇ လက်နက်ကြီး ၁ လက်၊ ငါးကျင်းမြီး စက်လတ် သေနတ် ၁ လက်၊ အမ်အေ -၂ သေနတ် ၃ လက်၊ အမ် အေ-၄ သေနတ် ၁ လက် ၊ အခြားလက်နက် ၂ လက်နှင့် ဗုံးသီးများ၊ ကျည်ဆန်ခဲ ယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article