28 C
Yangon

မင်းကင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေ ဆုံး၊ ရေစကြိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရစဉ် အချင်းချင်း ပစ်ခတ်၍ စစ်သား ၂ ဦး သေဆုံး

Must read

မင်းကင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေ ဆုံး၊ ရေစကြိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရစဉ် အချင်းချင်း ပစ်ခတ်၍ စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း People Defense Force Taung Dwin-Minkin TDPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်တွင် မင်းကင်းမြို့နယ် တောင်တွင်းချောင် သို့ ကလေးဝမှ စစ်‌ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ၃၀ မိနစ်ထိ ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းကို မတ်လ ၁ ရက်နေ့မှာ ၈၀ မမ တွေနဲ့ သွားရောက် ပစ် ခတ်ခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ မတ်လ ၂ ရက် နေ့မှာ ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်တာကတော့ စစ်ခွေး ၅ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကလေးမြို့ ဆေးရုံကို ပို့ထားတယ်လို့ သိရတယ်။ စစ်ခွေးတွေစစ်ကြောင်းထိုးလာတဲ့ ရွာတွေက ပြည်သူတွေလည်း ဖမ် းဆီးခံရတာတွေရှိတယ်။ စစ်ခွေး စစ်ကြောင်းက ရှိနေသေးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။ ကျွန်တော်တို့ ကျည်ဝယ်ယူဖြည့်တင်းဖို့ အလှူငွေ များလိုအပ်နေပါတယ်” ဟု People Defense Force Taung Dwin-Minkin TDPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defense Force Taung Dwin-Minkin TDPDF မင်းကင်း တပ်ရင်း ၅ ၊ တပ်ခွဲ ၃ (Bravest Warriors) နှင့် ဒေသခံပကဖ၊ ကလေးဝပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေကြိုမြို့နယ်၊ ရေစကြိုမြို့အဝင်၊ ဘက်စုံကွေ့အနီးတွင် အိမ်စီးကား ၃ စီးဖြင့် စာမေးပွဲ မေးခွန်းများသယ်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအချင်းချင်း မှား ယွင်းပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂ ရက် ည ၇ နာရီခန့်က ပခုက္ကူမြို့မှ ရေစကြိုမြို့ပေါ်ရှိ ကျောင်းများအတွက် စာမေးပွဲ မေးခွန်းများကို သေတ္တာများဖြင့် ထည့်ပြီး သယ်ဆောင်လာသော စူပါကာစတန်အမျိုးအစား တစ်စီး၊ အာရာဖတ် အမျိုးအစား တစ်စီး၊ CRV အမျိုးအစား တစ်စီးဖြင့် သယ်ဆောင်လာစဉ် ရေစကြို အဝင် အနီး အရောက် ရှေ့ဆုံးကားနှစ်စီးကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်း ၆ လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးမှာ ထိုးရပ်သွားပြီး နောက်ဆုံးမှ လိုက်ပါလာသော ကားပေါ်ရှိ စစ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အချင်းချင်းထိမှန်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ မိုင်းဆွဲတဲ့နေရာကို ဒီနေ့မနက်အေးဆေးဖြစ်လို့ သွားကြည့်တော့ ကားမှန်ကွဲစတွေ၊ ဆီတိုင်ပေါက်ကျတာတွေ တွေ့ခဲ့ရတယ်” ဟု ရေစကြိုမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သား ၂ ဦး၏ ရုပ်အလောင်းများကို ကား ဖြင့် တင်ပြီး ရေစကြို ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခဲ့သော ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအားလုံး အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article