28 C
Yangon

မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကား ၂ စီး ပျက်စီး

Must read

မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကား ၂ စီး ပျက်စီး

ရန်ကုန်၊ မတ် ၁၉

ချင်းပြည်နယ်နှင့်မကွေးတိုင်း အစပ် မင်းတပ်-ကျောက်ထု လမ်းပိုင်းကို တက် လာ သည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို CDF မင်းတပ်က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း CDF-မင်းတပ်မှ တာဝန်ရှိသူ တစ် ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက် ခွာလာသည့် စစ်ကား ၈၅ စီးပါ ရိက္ခာပို့ ယာဥ်တန်းသည် ကျောက်ထု-မင်းတပ် လမ်းပိုင်းအတိုင်း တက်လာစဥ် CDF-မင်းတပ်က ပဒေသာမိုင်း ၂၀ လုံးဖြင့် မိုင်း ဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီး ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက် သေ ဆုံး မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း၊ ယင်းယာဥ်တန်းထဲမှ စစ်ကား ၃၅ စီးသည် ပျက်စီးသွားသော ကား ၂ စီးကို သယ်ဆောင်ပြီး မတ်လ ၁၈ ရက် နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျောက်ထုမြို့သို့ ပြန်ဆင်းသွား​ကြောင်း သိရ သည်။

” စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို မိုင်းဆွဲ ခဲ့တာပါ။ စစ်ကား ၂ စီး ထိမှန်ပျက်စီး တယ်။ စစ်ခွေး သေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး” ဟု CDF-မင်းတပ် မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် ခန့်အချိန် မင်းတပ်-မတူပီ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း CDF-မင်းတပ် ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article