29 C
Yangon

မင်းဘူးတွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ Mytel ဖုန်းကတ်များ၊ စိုက်ချေးငွေလုပ်ငန်းနှစ်ခုကို PDF က သတိပေး

Must read

မင်းဘူးတွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ Mytel ဖုန်းကတ်များ၊ စိုက်ချေးငွေလုပ်ငန်းနှစ်ခုကို PDF က သတိပေး

ရန်ကုန်၊ မတ် ၄

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် အကြမ်းဖက်စစ်တပ်ထုတ် ကုန်ပစ္စည်းများ၊ Mytel ဖုန်းကတ်များ၊ စိုက်ပျိုးရေးချေးငွေလုပ်ငန်းနှစ်ခုကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ် မတော် – အနောက်ပိုင်းတိုင်း ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် – အနောက်ပိုင်းတိုင်း တပ်ခွဲများမှ ဒေသကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့များမှ မင်းဘူးခရိုင် အတွင်း နယ်မြေစိုးမိုးနိုင်ရန် လမ်းပိုင်းဆိုင်ရာ စစ်ဆေးနေစဉ် ကျေးရွာများမှ ချေး ငွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Pact ပက်(စ်) မြန်မာ ချေးငွေလုပ်ငန်း နှင့် BG Microfinance ချေးငွေလုပ်ငန်း နှစ်ခုအား စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ က စာရွက်စာတန်း များ Mytel ဆင်းကဒ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး ငွေကြေး – ၄၉၅,၄၅၀၀ ကျပ်တိတိ၊ BG Microfinance ချေးငွေလုပ်ငန်းမှ စာရွက်စာတန်း များ ၊ Mytel ဆင်းကဒ်များ ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး ငွေကြေး – ၄၃၆,၀၀ ကျပ်တိတိအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်နောင် မပြုလုပ်ကြရန် သတိပေးခဲ့ပြီး သိမ်းဆည်း ရရှိသော စာရွက်စာတမ်းမှတ်များကို မီးရှို့ဖျက်ဆီးကာ ကျန်ရှိပစ္စည်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များမှ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

မင်းဘူးခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စိုးမိုးနယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီ ၏ အဓိက ဒေါက်တိုင်များဖြစ်သော စစ်တပ်ထုတ် ကုန်များ၊ Mytel ဆင်းကဒ်များ နှင့် ချေးငွေ လုပ်ငန်း များဖြစ်သော စိုက် ပျိုးရေး ချေးငွေလုပ်ငန်းများ ၊ မြစိမ်းရောင်ချေးငွေ လုပ်ငန်းများ ၊ အကြမ်း ဖက် စစ် တပ် နှင့်ပတ်သက်မှုရှိသော ချေးငွေးလုပ်ငန်းမှန်သမျှကို သည်ကာလအတွင်း လည်ပတ်မှု မရှိစေရေး ပြည်သူများ အခက်အခဲ အကြပ်အတည်းမရှိစေရေးအတွက် တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article