30 C
Yangon

မတူပီ-ပလက်ဝလမ်းပေါ်တွင် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးသေ ဆုံး၊ ဘုတလင်တွင် CNDF နှင့် PDF ရဲဘော် ၄ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

မတူပီ-ပလက်ဝလမ်းပေါ်တွင် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးသေ ဆုံး၊ ဘုတလင်တွင် CNDF နှင့် PDF ရဲဘော် ၄ ဦးကို စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ မတ် ၁၅

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းပေါ်တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ထယ်ဘွေးစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မတူပီ-ပလက်ဝလမ်းမပေါ် ဝလံပီနှင့် ကလောင်စိုင်း(ကလား)အကြား တွင် CDF-Matupi တပ်ဖွဲ့က မိုင်း ဆွဲတိုက် ခိုက်ပြီး အပြန် အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ CDF-Matupi မှ တပ်ဖွဲ့များအထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF –Matupi ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် ချင်းအမျိးသားကာကွယ်ရေးတပ်မတော်(CNDF) မှ ရဲဘော်နှစ်ဦး ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ် ဖြတ်သွားကြောင်း CNDF က ထုတ်ပြန်ထားသည်။

ယနေ့ မတ်လ ၁၅ ရက်နေ့တွင် CNO/CNDF မှ အသက် ၂၁ နှစ်အရွယ် ဆလိုင်း ဒေးဗစ်လာလ်ထန်လျန် နှင့် အသက် ၂၀ အရွယ် ဆလိုင်းဟာခွီအွမ်(ခ)ဇာနည်အောင် တို့သည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အတွင်း၌ တပ်ဖွဲ့မှပေးအပ်သော တာဝန်ထမ်းဆောင်းရင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ် ခြင်းခံရပြီး ကျဆုံးခဲ့ရကြောင်း သိရသည်။

သတ်ဖြတ်ခံရသည့် CNDF ရဲဘော် ၂ ဦးနှင့်အတူ PDF ၂ ဦးကိုလည်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၊ CNDF ရဲဘော်များသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ဖြစ်ပြီး ကျည်ဆန် ဝယ်ယူရန် အညာဘက်သို့ဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျဆုံးသွားသည့် CDF ရဲဘော် ၂ ဦး။

Photo- Zalen

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article