30 C
Yangon

မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး

Must read

မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁

မန္တလေး၊ မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တောကြီးမြွေပွေး တပ်ဖွဲ့က မြွေရေယဥ်ရွာနှင့် ကာကြလမ်းကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲ တိုက်ခိုက်တာကတော့ စစ်ခွေး ၅ ကောင်သေတယ်။ သေသွားတဲ့ စစ်ခွေး အလောင်းတွေကို ချက်ခြင်း မယူသွားဘူး။ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်မှ မတ္တရာကနေ ကား ၁ စီးနဲ့ လာသယ် သွားတယ်” ဟု တောကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း မြိုင် PDF တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ်မှ ၅ နာရီ ၁ မိနစ်ထိ မြိုင်မြို့အတွင်း မြို့၏မြောက်ဘက်၌ စစ်သား၊ ရဲ နှင့် ပျူစောထီး များ တပ်စွဲထားသော ဂိတ်စခန်းကို မြိုင် PDF တပ်ရင်း ၁ တပ်ခွဲ ၃ နှင့် နံ့သာမြေအဖွဲ့တို့မှ ပူးပေါင်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဥ်အတွင်း လဝကရုံးမှ စစ်ကောင်စီ တပ်သားများက တပ်ကူ ထွက်လာသောကြောင့် PDF ရဲဘော်များ အထိအခိုက်မရှိ အလျင်အမြန် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာကပြောဆိုသည်။

Photo – မတ္တရာမြို့နယ်၌ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သား အလောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article