35 C
Yangon

မတ္တရာမြို့နယ်တွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးသေဆုံးပြီးနောက် ပြည်သူ ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

မတ္တရာမြို့နယ်တွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးသေဆုံးပြီးနောက် ပြည်သူ ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာနှင့် မြွေကြည်ကုန်းကျေးရွာကြားရှိ တံတားပေါ် တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်ကလည်း ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း တောကြီးမြွေပွေးအဖွဲ့ခေါင်း ဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဝန်စုရွာ၌ ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ် သား ၃၀၀ ခန့်သည် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မြွေအုပ်စု ၁၄ ရွာဘက်သို့ လှည့်လည် စစ်ကြောင်း ထိုးခဲ့ရာ တောကြီးမြွေပွေးတပ်ဖွဲ့ & CDMပြည်သူ့ရဲတပ်ဖွဲ့တို့က ထောင်ထားသော မိုင်းကွင်းအတွင်း ရောက်ရှိလာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးသေဆုံးပြီး ဒဏ် ရာရရှိသူများလည်း ရှိကြောင်း သိရ သည်။

“အခုထိတွေ့မှုဖြစ်တဲ့နေရာနဲ့ မတ္တရာမြို့စစ်တပ်နဲ့က နီးတယ်၊ အဲဒီကနေ စစ်ကူဆင်းနေတာ၊ အခုက သာလွန်အင်အားသုံးနေတာ၊ လက်နက်ကြီးတပ်တွေပါ ပါတယ်၊ အသတ်ခံရတဲ့ပြည်သူတွေရဲ့ အလောင်း တွေလည်း မကောက်နိုင်သေးဘူး၊ စစ်ခွေးတွေ စိုးမိုးထားတုန်းဆိုတော့၊ သိရသလောက်သာ ၈ ဦးဖြစ်ပေ မယ့် တကယ်အသတ်ခံသူတွေက ၁၁ ဦးလောက်ဖြစ်မယ်၊ စစ်ဘေးရှောင်တွေကလည်း ထောင်ချီနေပြီ၊ မြစ်ထဲကျွန်းစုရွာဆိုတော့ စစ်ဘေးရှောင်တွေအတွက် အရမ်းအခဲဖြစ်တယ်” ” ဟု တောကြီးမြွေပွေး တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း မတ္တရာမြို့နယ်တွင် တောကြီးမြွေပွေးတပ်ဖွဲ့က ထောင်ထား သော မိုင်းကွင်း အတွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၀ နီးသေဆုံး ခဲ့ပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သားများကို စကျင်ဘုန်းကြီးကျောင်းနှင့် Royal Lin ဆေးရုံတွင် ကုသနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article