31 C
Yangon

မန္တလေးမြို့လယ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင်၏ ယာဉ်တန်း ပဒေ သာမိုင်း ဆွဲခံရပြီး စစ်ကားတစ်စီး ထိမှန်ကာ စစ်သားများ ထိ ခိုက် သေဆုံး မှုရှိ

Must read

မန္တလေးမြို့လယ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင်၏ ယာဉ်တန်း ပဒေ သာမိုင်း ဆွဲခံရပြီး စစ်ကားတစ်စီး ထိမှန်ကာ စစ်သားများ ထိ ခိုက် သေဆုံး မှုရှိ

■ ၀န်ကြီးချုပ် မျိုးအောင်က မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံ စီးပွားရေး လူယုံ

ရန်ကုန်၊ မတ် ၂၄

မန္တလေးမြို့လယ်တွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင်၏ ယာဉ်တန်း ယ နေ့ နံနက်ပိုင်း မိုင်းဆွဲခံရပြီး လုံခြုံရေးစစ်ကားတစ်စီး ထိမှန်ကာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မန္တလေးမြို့ ၆၄ လမ်း၊ ၂၅ လမ်းထောင့်တွင် မန္တလေးတိုင်းမှ စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးအောင် လိုက် ပါ သော ကားတန်းကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းကား တန်းတွင် DC လုံခြုံရေး စစ်ကား ၁ စီး ထိမှန်ပြီး သေဆုံး ထိခိုက်မှုရှိကြောင်း၊ သေဆုံးသူများနှင့်ထိခိုက်သူများကို နန်းတွင်းအတွင်းရှိ စစ်ဆေးရုံသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

“ဒီနေ့မနက် မန်းလေးက ပဒေသာကွဲတာ မန်းတိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို သတင်းအတိအကျနဲ့ မိုင်းဆွဲခဲ့တာ။ DC ၃ စီး ကားအနက် ၁စီးကို ထိပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက်သတင်း ဖုံးထားတယ်။ မန္တလေးတိုင်း ဝန်ကြီး ချုပ် မျိုးအောင်က က မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ အနီးဆုံးလူ။ မိုင်းဆွဲ တဲ့ နေရာက ရုံးတွေချည်းပဲ။ ရုံးတွေ အများကြီးရှိတဲ့လမ်း လူနေအိမ် မရှိဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ မိုင်းဆွဲမှုအတွင်း စစ်တပ်ကား ၁ စီး တစ်စီး ထိမှန်ပြီး စစ်သား ၁၂ ဦး ထိမှန်ကာ ၄ ဦး သေဆုံးနိုင်ကြောင်း၊ ကျန်ဒဏ် ရာရရှိသော စစ်သားများကို နန်းတွင်းစစ်ဆေးရုံသို့ ဆွဲခေါ်သွားကြောင်း ပြောဆို သည်။

” ဒီလိုမျိုး စစ်ဆင်ရေးပစ်မှတ်များကို တိတိကျကျဆောင်ရွက်နိုင်တာဟာ ပြည် သူ့ ဘက်တော်သား ဖရဲသီးတွေ​ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်တယ်။ မန္တလေး မြို့ ရဲ့ အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့ စစ် ဆင်ရေးမှာ ဖရဲသီးရဲ့ သတင်းပေးချက်ကို ကြိုတင်ရရှိကာ လက်ဦးမှုရယူပြီး ပစ် မှတ်ကို အတိအကျဖြင့် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်။” ဟု မန္တလေးမြို့ရှိ မြို့ပြ ပြောက် ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်သည် လက်ရှိတွင် မင်းအောင်လှိုင်၏ သား အောင်ပြည်စုံအတွက် အလုပ်လုပ်ပေးနေကြောင်း၊ အောင်ပြည်စုံ၏ လူယုံ မောင် မောင် နိုင်ကဲ့သို့ပင် မျိုးအောင်ကလည်း အောင်ပြည့်စုံ၏ စီးပွားရေး လုပ်ငန်း များ ကို ကူညီပေးနေကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က စစ်ကောင်စီ၏ အုပ်ချုပ်ရေး အ ထောက် အပံ့ဖြစ်စေသော ထောက်တိုင်များကို “စစ်ကောင်စီကို လုံးဝ အုပ် ချုပ်ခွင့်မရစေရ”ဖြင့် စစ်ရေးပစ်မှတ်များကို တိတိကျကျဖြင့် ကျေးလက်၊ မြို့ပြ ပူးပေါင်းစစ်ဆင်ရေးဆောင် ရွက်ချက်များ အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းစစ်ကြောင်းများကို လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ထောက်ပံ့ပေးနေပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တရားသောစစ်ကို ဆင်နွဲနေကြောင်း တရားဝင် ကြေညာထားသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၏ အနီးကပ်လူယုံ မန္တလေးတိုင်း ဝန်ကြီးချုပ် မျိုးအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article