30 C
Yangon

မန္တလေးမြို့၊ ရတနာပုံခန်းမ အနီး ဗီနိုင်းချိတ် ဗုံးထောင်ထားမှု လာဖြုတ်သည့် စစ်သားများကို မိုင်းခွဲမှု ၂ ဦးသေဆုံး

Must read

မန္တလေးမြို့၊ ရတနာပုံခန်းမ အနီး ဗီနိုင်းချိတ် ဗုံးထောင်ထားမှု လာဖြုတ်သည့် စစ်သားများကို မိုင်းခွဲမှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၇

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၇၈ ကြားရှိ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ရတနာပုံခန်းမ အနီးတွင် မြန္ဒာစစ်ဆင်ရေး ဗီနိုင်းထောင်ပြီး မိုင်း ထောင်ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦးသေ ဆုံးခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့မတ်လ ၂၇ ရက် နံနက်ပိုင်းက အကြမ်းဖက် ဖက်စစ်တပ်တော်လှန်ရေးနေ့ အခမ်းအနား လုံခြုံရေး တင်းကြပ်ထားသည့် ကြားမှ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ရတနာပုံခန်းအနီးတွင် ဗီနိုင်းဆိုင်းဘုတ် ထောင်ကာ မိုင်း ၃ လုံးထောင်ထားခဲ့ကြောင်း၊ နံနက် ၇ နာရီခန့်တွင် ပထမမိုင်းကို အကြမ်းဖက်စစ် သားများက တွေ့ရှိသွားပြီး လမ်းပိတ်ဆို့ကာ ရှင်းလင်းရေး ပြုလုပ်နေစဉ် ဒုတိယမိုင်းနှင့် တတိယမိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းတွေ့ပြီးတော့ စစ်ခွေးတွေက ကားကြီး ၄ စီးနဲ့မိုင်းလာရှင်းတာ၊ နံနက် ၇ နာရီလောက်မှာ ပထမ မိုင်းတွေ့သွားတယ်၊ အဲဒီမိုင်းကို ရှင်းနေတုန်း ၈ နာရီ မိနစ် ၄၀ မှာ ဒုတိယမိုင်းနဲ့ တတိယမိုင်းကို ဖောက် ခွဲခဲ့တာ၊ စစ်ခွေး ၂ ဦးသေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်၊ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်၊ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article