40.9 C
Yangon

မိုးကုတ် ဝိပသနာ၊ အောင်မြေတံခွန်ကျောင်းထိုင် ဆရာတော်ကို PDF ထောက်ပို့ဟု စွပ်စွဲကာ စစ်တပ်က သေနတ်ပစ် ဖမ်းဆီး၊ အလှူ​ငွေ သိန်း ၅၀၊ ဖုန်းနှင့်ဘုန်းကြီးကျောင်း ကားများကိုပါ စစ်တပ်က လုယူသွား

Must read

မိုးကုတ် ဝိပသနာ၊ အောင်မြေတံခွန်ကျောင်းထိုင် ဆရာတော်ကို PDF ထောက်ပို့ဟု စွပ်စွဲကာ စစ်တပ်က သေနတ်ပစ် ဖမ်းဆီး၊ အလှူ​ငွေ သိန်း ၅၀၊ ဖုန်းနှင့်ဘုန်းကြီးကျောင်း ကားများကိုပါ စစ်တပ်က လုယူသွား

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ အောင်မြေတံခွန်ကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာ တရားပြ ၊ ကျောင်းထိုင်ဆရာတော် ဦးစက္ကန (ဝေါဆရာတော်) ကို PDF ထောက်ပို့ပြုလုပ်သည်ဟု အကြောင်းပြစွပ်စွဲကာ စစ်တပ်က ​သေနတ်ပစ်​ဖောက် ဖမ်းဆီးသွား​ကြောင်း သိရှိရသည်။

မတ် ၁၂ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ် က စစ်ကား ၅ စီးဖြင့် အရပ်ဝတ်လက်နက်ကိုင်များက ဆရာ​တော်ကို လူဝတ်လဲ၍ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စာဖြေသံဃာများ ဂုဏ်ပြုပွဲကျင်းပရန် အလှူငွေ သိန်း ၅၀ ကျပ်နှင့် ဖုန်းများ၊ ကား ၂ စီးကို သိမ်းဆည်း၍ ဘုန်းကြီးကျောင်းကား မောင်းသည့် ယာဉ် မောင်းသူကိုလည်း နန်းတွင်းစစ်ကြောရေးသို့ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။

ဆရာ​တော်ကို ဖမ်းဆီးချိန်တွင် စစ်တပ်က သေနတ်များ ပစ်ဖောက်၍ “မဆိုင်သူ မကပ်နဲ့” အော်ကာ ကျောင်းတိုက်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်​ကြောင်း၊ ဖမ်းဆီးခံရ​သော ကျောင်းထိုင် ဆရာတော် ဦးစက္ကန (ဝေါဆရာတော်) မှာ ပရဟိတဆရာတော်အဖြစ်လူသိများသည့် ဆရာတော် တစ်ပါးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article