29 C
Yangon

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး၊ စစ်တပ်က သက်ကြီးရွယ်အို ၂ ဦးနှင့် ၇ တန်းကျောင်းသား ၁ ဦးကို သတ်ဖြတ်သွားခဲ့

Must read

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး၊ စစ်တပ်က သက်ကြီးရွယ်အို ၂ ဦးနှင့် ၇ တန်းကျောင်းသား ၁ ဦးကို သတ်ဖြတ်သွားခဲ့

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်စပ်၊ မိုးဗြဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၃ ဦးကျဆုံးခဲ့ကြောင်း Pekhon People Defense Force – 2 က သတင်းထုတ်ပြန်သည်။

မတ်လ ၁၂ ရက်နေ့ မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် တစ်နေရာတွင် စစ်ကောင်စီ၏ တပ်မ ၆၆ စစ်ကြောင်းက စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးထား​ခဲ့ကြောင်း၊ စစ်ဘေးရှောင်များကိုကယ်ဆယ်ရန် ဖယ်ခုံPDF တပ်ရင်း-၂ ၊ KNDF B-03 ၊ URFပူးပေါင်းအဖွဲ့က စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ဖယ်ခုံနှင့်၄၂၂ စစ်တပ်တို့ လက်နက်ကြီးပစ်ကူမြောက်များစွာ အသုံးပြုသည့်အပြင် ညနေ၅နာရီခွဲတွင် တိုက်လေယာဥ်နှစ်စီးဖြင့် ၃ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ည၇နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့်ဒု- တပ်ကြပ်အပါအဝင် အရာရှိစစ်သည်အများအပြားသေဆုံးဒဏ်ရာရပြီး စစ်သား အလောင်း ၄ လောင်း နှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရမိကြောင်း၊ သေဆုံးမှု အရေအတွက် များပြားနိုင်ပြီး ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ကိုကယ်ထုတ်ရန်ကြိုးစားရင်း ဖယ်ခုံ PDF တပ်ရင်း၂မှ ရဲဘော် ၁ ဦး နှင့် KNDF B-03မှ ရဲဘော် ၂ ဦး မြင့် မြတ်စွာကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က စစ်ဘေးရှောင်ပြည်သူအချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုသည့်အပြင် အသက် ၈၁နှစ်နှင့် အသက် ၇၈ နှစ် သက်ကြီးရွယ်အို အဘိုးနှင့်အဘွား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ၇တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article