မုံရွာမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ မတ် ၁၃
မုံရွာမြို့နယ်တွင် ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီ၊ မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နှင့် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


