28 C
Yangon

မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာမှ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို ၃ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာမှ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို ၃ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာမှ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို ၃ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို မုံရွာ-မန္တလေး အမြန်လမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲထားသော စစ်သား ၃၀ ခန့်က ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ အသက် ၇၀ ကျော်အရွယ် ဦးစိန်လင်း၊ ဦးဌေးမောင်နှင့် ဒေါ်ဂွမ်းပုံတို့ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် ထနောင်းတောတောင်ရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၆၀ ကျော် မီးလောင်ပြာကျတယ်လို့ ကနဦးသိရတယ်။ အိမ်တွေကို မီးရှို့သွားတာ လူပါသွားတာ အသက် ၇၀ အရွယ် အဘိုး၊ အဖွားတွေဆိုတော့ မပြေးနိုင်ကြတော့ဘူးလေ အဖွားကို တွေ့တုန်းက အသက်ငွေ့ငွေ့ရှိ သေးတယ် လမ်းမှာပဲ ဆုံးသွားတာ ကျန်တဲ့ အဘိုး ၂ ဦးက ဆုံးပြီးမှတွေ့တာ” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြေဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းတောတောင်ရွာကို မီးရှို့ပြီးနောက် မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်တွင် တောပုမြောက်ပိုင်းပျူကျေးရွာသို့ ဝင်ရောက်သွားပြီး တောပုရွာမှ တစ်ဆင့် ဆိုင်ကယ် ၁၅ စီးဖြင့် စွမ်းရည်ထက် ဆီဆိုင်ရှိ တပ်စွဲထားသော နေရာသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article