31 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီတင်ဆောင်လာသည့် စစ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီတင်ဆောင်လာသည့် စစ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီတင်ဆောင်လာသည့် ကား ၇၇ စီးပါ စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force – MMU တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့တွင် မုံရွာမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် ကြေးနီတင် တွဲကားများနှင့် စစ်ကားများပါဝင်သည့် ၇၇ စီးပါယာဥ်းတန်းကို မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော ကား ၇၇ စီးယာဥ်တန်းမှ ပထမဆုံး စစ်ကားကြီး ၃ စီးကို နတ်ရေကန်နှင့် ရေပိုးစားအကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ကား ၃ စီး​ ထိမှန်ကာ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ခန့်တွင် အဆိုပါ ယာဥ်တန်း၏ နောက်ဆုံး စစ်ကားကြီး ၁၀ စီးအား ဘိုးမင်းကြီးကင်းသစ်တောနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားတွင် ပဒေသာမိုင်း ၂ လုံး တစ် ဖက်ပွင့်ပြောင်း ၃ လုံးတို့ဖြင့် ဖောက်ခွဲ ခိုက်တိုက်ခဲ့ပြီး ၉ စီးမြောက်ကားကို ထိမှန်ကာ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

” စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်ဘူး။ စစ်ခွေးတွေက မုံရွာ-မန္တလေး လမ်းပိုင်းကို ကင်းပုန်းတွေ အများကြီးချပြီး ကြေးနီသယ်တာ မိုင်းဆွဲ တိုက်ပြီးတာနဲ့ စစ်ခွေးတွေက ချက်ခြင်းရောက်လာတော့ စစ်ခွေးတွေ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ဘူး” ဟု Black Eagle Defense Force – MMU တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defense Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပ.က.ဖ၊ People’s Defense Force Myinmu-MMU PDF၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ(၂) စသည့် မဟာမိတ်(၄)ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာ-မန္တလေး လမ်းပိုင်းတွင် မုံရွာမြို့ နခမမှ ထွက်လာသည့် ကြေးနီ သယ်ဆောင်လာသည့် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၅ တပ်ရင်း Aung San Force – A.S.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပထမ အကြိမ် မိုင်းဆွဲမှုကို မွန်းလွဲ ၁၁ နာရီခန့်တွင် မုံရွာ – မန္တလေး လမ်းပိုင်းတွင် မုံရွာမြို့၊ နမခမှ ထွက်လာသည့် ကြေးနီ သယ်ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို စွမ်းရည်ထက် ဆီဆိုင်အနီးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ပွိုင့်နှစ်ပွိုင့်ထားကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို မွန်းလွဲ ၁ နာရီခန့်တွင် ချောင်ဦးမြို့နယ် နတ်ရေကန်အနီး၌ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း Aung San Force – A.S.F မှ ပဒေသာမိုင်းများဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်း Aung San Force – A.S.F နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကျသော Monywa Fighter Group ၊ Generation Z People’s Defence Force နှင့် People’s Youth Defenc Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ကြေးပြားများ သယ်ယူနေသော ကားများ။(ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article