30 C
Yangon

မူဆယ်မြို့၊ သိန်းသန်းချီ ကားဝင်းဂိတ်အစောင့် စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မူဆယ်မြို့၊ သိန်းသန်းချီ ကားဝင်းဂိတ်အစောင့် စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၃၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် သိန်းသန်းချီကားဝင်း အဝင်ဂိတ်စောင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ သည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မူဆယ်မြို့ သိန်းသန်းချီကား ဝင်း ဂိတ်တွင် ဂိတ်စောင့်နေကြသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အရပ်သား ၂ ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သိန်းသန်းချီကားဝန်း အဝင်ပေါက်မှာ ကင်းချထားတဲ့ ပြည်သူ့စစ်( စစ်တပ် လက် အောက်ခံအဖွဲ့) ၂ယောက်ကို ဝင်ပစ်သွားတာ။ တစ်ဦးကတော့ ထိုင်ခုံမှာ ထိုင်နေရင်း သေပါတယ်။ နောက်တစ်ဦးကလည်း သေသွားပြီ။ အရပ်သား ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး ကျည်မှန်တယ်။ မနှစ်က KBZ ဘဏ်စောင့်တဲ့ ပြည် သူ့ စစ် တွေပစ်ခံရတဲ့ ကားဝင်း မှာ ထပ်ဖြစ်တာပါ”ဟု မူဆယ်မြို့ခံတစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်အထိ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိ ရှိရ သေးဘဲ မူဆယ်မြို့တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားကာ လူသေဆုံး မှုများလည်း မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article