31 C
Yangon

မဲဆောက်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများခိုလှုံရာ လေးထပ်တိုက်ကို ထိုင်းစစ်တပ်မှ ဝင်ရောက် စစ်ဆေး၊ ဒရုန်း၊ယူနီ ဖောင်းများနှင့်အတူ တွေ့ရှိသည့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

Must read

မဲဆောက်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများခိုလှုံရာ လေးထပ်တိုက်ကို ထိုင်းစစ်တပ်မှ ဝင်ရောက် စစ်ဆေး၊ ဒရုန်း၊ယူနီ ဖောင်းများနှင့်အတူ တွေ့ရှိသည့် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၂၂

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစစ်ဘေးရှောင်များ ခိုလှုံလျက်ရှိသော လေးထပ်တိုက်ခန်းကို ထိုင်းစစ်တပ်မှ ဝင်ရောက်စစ်ဆေးရှာဖွေရာ ဒရုန်း၊ ယူနီဖောင်းများနှင့်အတူ တွေ့ရှိသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့မတ်လ ၂၂ ရက် နေ့လည် ၂ နာရီခန့်က အဆိုပါတိုက်ခန်းအား ထိုင်းစစ်တပ်မှ ရုတ်တရက် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဖက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ယူနီဖောင်းများ၊ ဒရုန်းများ၊ ဆေးပစ္စည်းများနှင့်အတူ တွေ့ရှိသည့် လူငယ်၂ ဦးကို ဖမ်းဆီးခေါ်သွားကြောင်း သိရသည်။

“ပစ္စည်းမိတဲ့အခန်းကလွဲရင် ကျန်တဲ့အခန်းက သူတွေမပါဘူး၊ ကျန်တဲ့တိုက်ခန်းက သူတွေကို မဆူညံဖို့၊ သန့်သန့်ရှင်းရှင်းနေ ထိုင်ကြဖို့၊ ပတ်ဝန်းကျင်ကို အနှောက်အယှက်မပေးဖို့ ၊လက် နက်တွေ မထားကြဖို့၊ အေးအေးနေထိုင်ကြဖို့ပဲ ပြောသွားပါတယ်” ဟု ယင်းတိုက်တန်းတွင် နေထိုင်သူ စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုင်းစစ်တပ်မှ ဝင်ရောက်ရှာဖွေခြင်းသည် နာမည်နှင့်တကွ ဝင် ရောက်ရှာဖွေခြင်းဖြစ်ကြောင်း၊ စစ်တပ်မှ ရှာဖွေနေသော မြန်မာနိုင်ငံသားနှစ်ဦးမှာ မြန်မာပြည်ဘက်အခြမ်းသို့ လွန်ခဲ့ သော တစ်လခန့်အကြာက ပြန်လည်ဝင်ရောက်သွားကြောင်း၊ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article