34 C
Yangon

မြန်မာစစ်တပ်က ထုတ်လုပ်သည့် လက်နက်ခဲယမ်းနှင့်ကျည်များ ရုရှားက ဝယ်ယူမည်

Must read

မြန်မာစစ်တပ်က ထုတ်လုပ်သည့် လက်နက်ခဲယမ်းနှင့်ကျည်များ ရုရှားက ဝယ်ယူမည်

ရန်ကုန်၊ မတ် ၉

မြန်မာအကြမ်းဖက် စစ်တပ်လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများက ထုတ်လုပ်သည့် လက်နက်ခဲယမ်းနှင့် ကျည်များကို ရုရှားက ဝယ်ယူမည်ဖြစ် ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မြန်မာစစ်တပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) များက ထုတ်လုပ်သည့် လက်နက် ကြီးကျည်များ၊ သေနတ်ကျည်များနှင့် ခဲယမ်းများကို အဓိက ဝယ်ယူမည်ဖြစ်ပြီး ယင်းသို့ ဝယ်ယူရန်အတွက် ရုရှား စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာသို့ လာရောက် ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရှိရသည်။

“ရုရှားက မြန်မာကပစက ထုတ်တဲ့ ခဲယမ်းတွေဝယ်ဖို့ရှိတယ်။ ခဲယမ်းကို အဓိက ဝယ်မှာလို့ သိရတယ်” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြော သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ နေပြည်တော်သို့ လာရောက်စဉ် ဆွေးနွေးခဲ့သည့် အ ကြောင်း အရာများတွင် မြန်မာစစ်တပ်ထုတ် လက်နက်ခဲယမ်းများကို ရုရှားကပြန်လည်ဝယ်ယူမည့်ကိစ္စများ ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article