36 C
Yangon

မြိုင်နှင့်ပခုက္ကူတွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

မြိုင်နှင့်ပခုက္ကူတွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊မတ် ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင် ပကဖမှ ဗိုလ်လက်ျာက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့မတ်လ ၃၀ ရက် နံနက် ၉ နာရီ ၁၉ မိနစ်ခန့်က မြိုင်မြို့၊ စိမ်းလန်းစိုပြေရုံးရှေ့တွင် ပြည်သူများကို စစ်ဆေး ငွေညှစ်နေသော အကြမ်းဖက်စစ်သား၊ ရဲများအား မြိုင်ပကဖ၊ ဗိုလ်လင်းမြွေခေါင်းဆောင်သော နံ့သာမြိုင်အဖွဲ့ တို့ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် အပြင် အထက ၂ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများမှလည်း RPG ထမ်းပြီးထွက်လာသ ဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းဘူးတောကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူ တစ်ဦးလက်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့မတ်လ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်မှ ပခုက္ကူမြို့နယ်သို့ ဆင်းလာသော အ ကြမ်းဖက်စစ်တပ် ၁၀ ဘီးကား တစ်စီးနှင့် လိုက်ထရပ်တစ်စီးကို ပခုက္ကူမြို့နယ် ၊ ကန်တော်ကျေးရွာနှင့် ညောင် ဂျစ်ပင်(ပျူ)ရွာကြား တွင် လခြမ်းမိုင်းပွိုင့် ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက် သေဆုံးမှု မသိရသေးဟု မြိုင် ပကဖမှ ဗိုလ်လက်ျာက ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၉ ရက်နေ့ကလည်း မတရားသိမ်းယူထားသည့် ပြည်သူပိုင်ကောက်ပဲသီးနှံများကို ရောင်းချရန် ပခုက္ကူမြို့သို့ သွားသည့် Faw ကား၊ light truck ကား၊ ၁၂ ဘီးကားအပါအဝင် ယာဉ်အစီး ၂၀ ကျော်ကို ပခုက္ကူမြို့ နယ်၊ ကန်တော်ကျေးရွာနှင့် ညောင်ဂျစ်ကန်(ပျူ)ရွာကြား၌ ရှေ့ထွက်မိုင်း ၂ လုံး ပွိုင့်ဖြင့် တစ်ကြိမ်၊ ရှေ့ထွက်မိုင်း ၃ လုံးပွိုင့်ဖြင့် တစ်ကြိမ် မြိုင်ပကဖ တပ်ရင်း ၁ နှင့် Black Cobra အဖွဲ့တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article