28 C
Yangon

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျည်ဆန် ပြတ်လပ် နေ၍ ကူညီကြရန် မေတ္တာရပ်ခံ၊ မြစ်ခြေ မွေးမြူရေးတပ်ကို ဝင် ရောက် စီးနင်းပစ်ခတ်မှုတွင် ကျည် ဆန်များစွာ အသုံးပြုခဲ့ရ

Must read

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျည်ဆန် ပြတ်လပ် နေ၍ ကူညီကြရန် မေတ္တာရပ်ခံ၊ မြစ်ခြေ မွေးမြူရေးတပ်ကို ဝင် ရောက် စီးနင်းပစ်ခတ်မှုတွင် ကျည် ဆန်များစွာ အသုံးပြုခဲ့ရ

ရန်ကုန်၊မတ် ၂

မကွေးတိုင်းတွင် စစ်အာဏာရှင်တပ်များကို တိုက်ပွဲများဖြင့် ထိုးစစ်ဆင် တိုက် ခိုက် နေသော မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ရှိတွင် ကျည် ဆန် ပြတ်လပ်နေ၍ ပြည်သူများ ကူညီကြရန် မေတ္တာရပ်ခံလိုက်သည်။

မြိုင် ပကဖအနေဖြင့် လ က် န က် ကိုင်တော်လှန်လာခဲ့သည်မှာ ဖော်ဆောင်ခဲ့ သော တိုက်ပွဲများသည် သက်သေပင်ဖြစ်ကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီ တပ်နှင့် တို က် ပွဲများ ပြင်းထန်လာခြင်းနှင့်အတူ ပြည်သူလူထုများ ခက်ခဲလာခြင်းကို နားလည်ကြောင်း၊ သို့ရာတွင် မကြာသေးမှီက ဖော်ဆောင် ခဲ့သော မြစ်ခြေ မွေးမြူရေးတပ်စခန်း စခန်းအားဝင်ရောက် သိမ်းခြင်းကြောင့် မြိုင် ပကဖ တပ်ရင်း တပ်ခွဲ တချို့မှာ လက်နက် များရှိသော်လည်း ကျည်ဆန် ခဲယမ်း ပြတ်လပ်မှု အနည်းငယ်ရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကျည်-၁၀၀၀ Project ဖြင့် အကူ အညီ တောင်း ခံအပ်ပြီး NUG pay ဖြင့် ကျည်ဆန်များကို လှူဒါန်းနိုင်ပါကြောင်း မြိုင် ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article