27 C
Yangon

မြိုင်မြို့နယ်နှင့် ​ဘော်လခဲတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

Must read

မြိုင်မြို့နယ်နှင့် ​ဘော်လခဲတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅၇ မိနစ်ခန့်တွင် ပေါက်မြို့နယ် သနပ်ပင်ဆင်းမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မြိုင်မြို့နယ် ကန်နက်ရွာ အနီး၌ ဒေကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးမှာ ခြေသလုံးကျိုး၊ ပေါင်ကျိုး၊ လက်ကျိုး ဒဏ်ရာများ ရရှိခဲ့ပြီး သရက်ကန်ရွာ အနောက်ဘက် သူကြီးရိုး ခင်တန်းအနီးမှ သုံးဘီးဖြင့် သေဆုံး စစ်သား အလောင်းများနှင့် ဒဏ်ရာစစ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။

” ပေါက်မြို့နယ် သနပ်ပင်ဆင်းမှ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းကို မြိုင်မြို့နယ် ကန်နက်ရွာအနီးမှာ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ခွေး ၃ ကောင်သေဆုံးတယ်။ ခွေး ၅ ကောင်လည်း ဒဏ်ရာရရှိတယ်။ သေဆုံး ဒဏ်ရာရ စစ်ခွေး အလောင်းတွေကို သုံးဘီးနဲ့ သယ်သွားကြတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာကပြောဆိုသည်။

ထို့ပြင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာအနီးသို့ စစ်ကြောင်း ထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -BPDF ထံမှ သိရသည်။

မတ်လ ၁၆ ရက် နံနက် ၅ နာရီခန့်အချိန် အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း၊ နေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူ များ မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ရေနီပေါက်ကျေးရွာနေ ပြည်သူ ၇ ဦး ကို အကြမ်းဖက်စစ်တပ်က ပြည်သူ ၇ ဦး ကိုဖမ်းဆီးသွားပြီး ယနေ့အထိပြန်လွှတ်ပေးခြင်း မရှိသေး ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်း ကယားစစ်ဒေသတပ်ရင်း ၁၁၀၅၊ တပ်ရင်း ၁၁၀၂၊ တပ်ရင်း ၁၁၀၄၊ တပ်ရင်း ၁၁၀၆ ၊ တပ်ရင်း ၁၁၀၇ ၊ တပ်ရင်း ၁၁၀၈နှင့် KNDF တပ်ရင်း ၂၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article