40.9 C
Yangon

မြောက်ဥက္ကလာပ၊ ဌ ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦးကို စစ်တပ်က တပ်သား သစ်အဖြစ် ပေါ်တာဆွဲ ဖမ်းခေါ် သွား၊ စစ်ကိုင်းတွင် တပ်သားသစ်အဖြစ် ရောက်ရှိနေပြီး မိသားစုက ပြန်ခေါ်ခွင့်မရ

Must read

မြောက်ဥက္ကလာပ၊ ဌ ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦးကို စစ်တပ်က တပ်သား သစ်အဖြစ် ပေါ်တာဆွဲ ဖမ်းခေါ် သွား၊ စစ်ကိုင်းတွင် တပ်သားသစ်အဖြစ် ရောက်ရှိနေပြီး မိသားစုက ပြန်ခေါ်ခွင့်မရ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦးကို မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီတွင် ရဲနှင့်စစ်တပ်က တပ်သားသစ်စုဆောင်းသည့်အနေဖြင့် ပေါ်တာဆွဲသွားကြောင်း ကလေးငယ်များနှင့်နီးစပ်သော ရပ်ကွက်သူ ရပ်ကွက်သားများက ပြောသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန် မြောက်ဥက္ကလာပ ၊ ဌ ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ်မောင်ချစ်ရင်ထူး နှင့် မောင်ဘောကြီး တို့နှစ်ဦးသည် ဂစ်တာတီး သီချင်းဆိုနေကြစဉ် ရဲနှင့် စစ်တပ်က ရောက်ရှိလာပြီး ဖမ်းဆီးခေါ်သွားခဲ့ကြောင်း၊ ယင်းနောက် မိဘများက လိုက်လံရှာဖွေရာ အဆက်အသွယ်မရဘဲ မတ်လ ၂၆ ရက်နေ့တွင်မူ တပ်သားသစ်အဖြစ် စုဆောင်းခံရကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တပ်တစ်ခုအတွင်းသို့ ရောက် ရှိနေပြီဖြစ် ဟု ဆက်သွယ်အကြောင်းကြားလာကြောင်း သိရှိရသည်။

” မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီမှာ ဒီကလေးနှစ်ယောက်ကိုစစ်တပ်ကဆွဲသွားပါတယ်။ ကလေးတွေဟာသီချင်းထိုင်ဆိုနေကြတာ။ ကလေးတွေရဲ့အသက်က ၁၃ နှစ်မပြည့်ကြသေးပါဘူး။ မိသားစုကစုံစမ်းတော့ စစ်ကိုင်းမှာရောက်နေတယ်။ စစ်တပ်က ဒီကလေးတွေကိုပေါ်တာဆွဲပြီးရှေ့တန်းကိုခေါ်ဖို့ လုပ်နေတယ်လို့ သိရတယ်။။ အသက်မပြည့်သေးတဲ့ကလေးလေးတွေမို့မိဘတွေသိပ်ကိုစိုးရိမ်ပူပန်နေပါတယ်။ ရှိတဲ့နေရာကိုသိပေမယ့်သွားခေါ်ခွင့်မရဘူးဖြစ်နေတယ်” ဟု ကလေးငယ် ၂ ဦးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားစုဆောင်းမရသဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများရှိ ရဲစခန်းများနှင့် ရဲမှူးများကို တပ်သားသစ်များ စုဆောင်းပေးရန် ညွှန်ကြားထားပြီး ည ၁၀ နာရီကျော်အချိန် အရက်သောက်နေသည့် လူငယ်များ၊ အပြင်ထွက်နေသည့် ကလေးငယ်များကို ဖမ်းဆီးကာ တပ်သားသစ်များအဖြစ် စုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်လာကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article