33 C
Yangon

မြောင်တွင် သောင်းကျန်းနေသော ဘီလူးစစ်ကြောင်းတိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး၊ ကနီတွင် ပျူခေါင်း ဆောင်၏ သား မင်္ဂလာဆောင်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မြောင်တွင် သောင်းကျန်းနေသော ဘီလူးစစ်ကြောင်းတိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး၊ ကနီတွင် ပျူခေါင်း ဆောင်၏ သား မင်္ဂလာဆောင်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလှည့်လည်နေသော အကြမ်း ဖက် စစ်တပ် ဘီးလူး စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ ၁၁ ဦးသေဆုံး ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယမန်နေ့(မတ်လ ၂၄ ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာမှ ထွက်လာ သော အကြမ်းဖက်စစ်တပ် ဘီလူးစစ်ကြောင်းကို ကြာပင်လှရွာအကျော်၌ မိုင်းဖြုတ်နေစဉ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၄ ဦး သေ ဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲထပ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထပ်မံသေဆုံးခဲ့ ကြောင်း၊ မိုင်းထိနေရာနှင့်မလှမ်မကမ်းရှိ အဆောက် အအုံ အတွင်း စုဝေးနေစဉ် ၄၀ မမ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုစာရင်း မသိရသေး ကြောင်း မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM ၊ ကန္တာရသိန်းငှက်အဖွဲ့၊ Blood Brother အဖွဲ့၊ CDSOM ၏ ဗိုလ်စင်္ကြာ နှင့် ဗိုလ်လေပွေ၊ CDSOM ၏ ဗိုလ်ကချင်အဖွဲ့၊ စစ်ကိုင်း ခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင် တပ် ရင်း၂ တပ်ခွဲ ၃၊ ဗိုလ်နေတိုး (စစ်ကိုင်းခရိုင် တပ်ရင်း၆ တပ်ခွဲ ၃)၊ စော်ဘွားကြီးအဖွဲ့ -CDSOM ၊ မြောင် ပြည်သူ့တပ်မတော် MUA၊ TGR မြောင်၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ Young Fighter အဖွဲ့(မြောင်)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျည်ကုန်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်က မြောင်မြို့နယ်၊ တမဆေးကန် ကျေးရွာမှ မြောက်ဘက် သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် ဘီလူးစစ် ကြောင်း ကို မီတာ ၅၀ ခန့်အတွင်း အနီးကပ်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ၄ ဦးနေရာမှာပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၃ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ (MSPDF)၊ Natogyi Regional Defense Force – NRDF ၊ Chaung U People’s Defense Force – CHU PDF ၊ နဘတ်တိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး မိနစ် ၅၀ခ န့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာအများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း-MSPDF မှ ကင်းထောက်ဒရုန်း တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ကနီမြို့နယ် အလယ်ကျွန်း ပျူစောထီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် မြင့်အောင်၏သား မင်္ဂလာဆောင် ကို KLG PDF ကျောက်လုံးကြီးအဖွဲ့က ၆၀ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ၁၀ ခုလုံး ကျေးရွာအတွင်း ကျရောက် ပြီး စစ်တပ်နှင့်ပျူစောထီးများ၏ သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ကနီမြို့နယ် ကျောက်လုံးကြီး KLG PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article