28 C
Yangon

မြ၀တီတွင် လက်နက်ကြီးပစ်ခတ်သံ၊ ပေါက်ကွဲသံများထွက်ပေါ်နေပြီး ပြည်သူတချို့ အထုပ်ပြင်နေကြရ

Must read

မြ၀တီတွင် လက်နက်ကြီးပစ်ခတ်သံ၊ ပေါက်ကွဲသံများထွက်ပေါ်နေပြီး ပြည်သူတချို့ အထုပ်ပြင်နေကြရ

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ ထွက်ပေါ်နေပြီး ပြည်သူများ အထုပ်ပြင်နေရကြောင်း သိရှိရသည်။

“လက်နက်ကြီးပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ကြားနေရတယ်။ မြို့ထဲမှာ နေတာ ကိုယ့်အိမ်ပေါ်များ လက်နက်ကြီးကျလာမလား စိုးရိမ်နေရတယ်။ တစ်ကိုယ်ရေစာ အဝတ်ထုပ်တော့ ပြင်ထားတယ်။ ဘယ်နားတွေမှာ ဖြစ်နေလဲတော့မသိဘူး။ မနက်က ဖြစ်သွားတဲ့ ကုန်သွယ်ရေးဇုန်ဆိုတာ မြ၀တီမြို့နဲ့ နီးပါတယ်။ ရဲစခန်းရှေ့မှာလည်း စစ်တပ်က ချထားတယ်။ မြို့ထဲ အိမ်တွေပေါ် အချိန်မရွေး ကျလာနိုင်တယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း မြ၀တီကုန်သွယ်ရေးဇုန်၊ ကော့ကရိတ်၊ ကျုံဒိုးတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ အများအပြား သေဆုံးကာ အရှင်ဖမ်းမိသူများလည်းရှိကြောင်း PDF စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article