31.9 C
Yangon

ယင်းမာပင်မြို့နယ်တွင် 7 July အထိမ်းအမှတ် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၇

အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သမိုင်းဝင် ဖိုလ်ဝင်တောင် မုခ်ဦးတွင် 7 July အထိမ်းအမှတ် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ဆန္ဒပြကြသည်။

မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ လက်ပံတောင်းတောင် ဒေသသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ ကျေးရွာသပိတ်စစ်ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာသပိတ်စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း၊ ရုန်းထတော်လှန် ရွာငယ့်အားမာန် သပိတ်စစ်ကြောင်း ၊အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ချီတက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article