32 C
Yangon

ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာကို စစ်တပ်က ပစ်ခတ် စီးနင်းဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်

Must read

ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာကို စစ်တပ်က ပစ်ခတ် စီးနင်းဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် ကျေးစာကျကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပေကုန်းရွာ သားတစ်ဦးကို ကျေးစာကျရွာ စာသင်ကျောင်းအနီးတွင် ပစ်သတ်ခဲ့ကြောင်း၊ ကျေးစာကျကျေးရွာမှ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းတည်းက ရွာတွေကို တောက်လျောက်ကို စီးနင်း မီးရှို့နေတာ ပေကုန်းရွာ၊ ကျေးစာကျရွာနဲ့ အခု ဘိန်းနွယ်ချောင်ကို ရောက် ရှိနေတယ်လို့ သိရတယ်။ ကျေးစာကျရွာမှာတော့ ပေကုန်းရွာသားတစ်ဦးကို ကျေးစာကျရွာ စာသင်ကျောင်းနားမှာ သတ်ထားခဲ့တယ်။ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ကျန်တဲ့ရွာတွေ အခြေအနေတော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article