36 C
Yangon

ယင်းမာပင်၊ နဘူးတောရွာမှ သားသမီး ၂ ဦး ဖခင်၊ ထန်းတက်သမား ကိုဇော်မင်းကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကိုပါ ခိုးယူ လုယက်

Must read

ယင်းမာပင်၊ နဘူးတောရွာမှ သားသမီး ၂ ဦး ဖခင်၊ ထန်းတက်သမား ကိုဇော်မင်းကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကိုပါ ခိုးယူ လုယက်

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ နဘူးတောရွာကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး သားသမီး ၂ ဦး၏ ဖခင် ထန်းတက်သမား ကိုဇော်မင်းကို ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ နဘူးတောရွာ အနောက်ဘက်ရှိ ထန်းတောအတွင်း ထန်းတက်နေသည့် အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်းကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် အခြား ထန်းတက် သမား ၁ ဦးမှာလည်း စစ်တပ် စစ်ကြောင်း ရွာထဲဝင်လာသည်ကို တွေ့မြင်ပြီး ထန်းပင်ပေါ်မှ ခုန်ချသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ည ၇ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေက သတ်သွားတာ ကိုဇော်မင်းကို ရင်အုံနဲ့ လက်မောင်းတွေကို ပစ်သတ်ထားခဲ့တာ သူ့မိန်းမကတော့ ကလေးမွေးပြီးလို့ ၂ လသားကလေးငယ်နဲ့ ၇ နှစ်၊ ၁၀နှစ် ကလေး ၃ ဦးနဲ့ ကျန်ခဲ့တယ်။ စစ်ခွေးတွေက လူသတ်ယုံတင်မကဘူး။ ရွာထဲက ပြည်သူပိုင် ဆိုင်ကယ် ၂ စီးရယ် ဖုန်းရယ် ဆန်နဲ့ ဆီတွေပါ ယူသွားကြတယ်။ နောက်ထပ် ထန်းတက် သမား တစ်ဦးကလည်း စစ်ခွေးတွေ လာနေတာ မြင်လို့ ထန်းပင်ပေါ်ကနေ ခုံချတာ ထိခိုက် ဒဏ်ရာရရှိပြီး ည ၇ နာရီလောက်မှာ သေသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ် ၂ စီး၊ ဖုန်း၊ ဆန်နှင့် ဆီများပါ ခိုးယူ လုယက်သွားကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူများ နေ့စဥ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article