30 C
Yangon

ယင်းမာပင်၊ မြောက်နုံးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ နှင့် ကျေးရွာသား ၁ ဦး စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်

Must read

ယင်းမာပင်၊ မြောက်နုံးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ နှင့် ကျေးရွာသား ၁ ဦး စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်

■ အိမ်မွေးတိရိစ္ဆာန်များကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး အိမ်ခြေ ၁၂၀ ကျော်ပြာကျ

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“ရွာ ကိုလည်း မီးရှို့သလို အရပ်သားတွေကိုလည်း သတ်ဖြတ်တယ်။ စိတ်ဝေဒနာသည် ကိုဖိုးနီကို ‌သတ်ထားခဲ့ကြတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းထဲက နာရေးကားပေါ်မှာလည်း အရပ်သားတစ်ဦးကိုလည်း ကားနဲ့အတူမီးရှို့သတ်ဖြတ်ထားတယ်။ မီးရှို့အသတ်ခံရတဲ့ အလောင်းကတော့ ဘယ်သူဆိုတာအတည်ပြုလို့မရသေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မြောက်နှုံးရွာမှ အိမ်ခြေ ၁၂၀ ကျော်မှာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးပြာကျခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်ဖြစ်သည့် မြင်း၊ နွား၊ဆိတ်များကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူပိုင် လယ်ယာသုံးထွန်စက်များနှင့် စိုက်ပျိုးရေးပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article