29 C
Yangon

ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ လာ၊ ၁၀ နာရီ မီးပျက် စနစ်ဖြင့် မီးပေး

Must read

ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ လာ၊ ၁၀ နာရီ မီးပျက် စနစ်ဖြင့် မီးပေး

■ ရန်ကုန်တွင်မူ ၄ နာရီလာ၊ ၄ နာရီ မီးပြတ်စနစ်ဖြင့် မီးပေးသော်လည်း ပျက်သည့်အချိန်က ပိုများလာ

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ မီးပေး၊ ၁၀ နာရီ မီးဖြတ်တောက်သည့် စနစ်ကို ယနေ့ စတင်ကျင့်သုံးနေကြောင်း လျှပ်စစ်ဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မကွေးတိုင်း အပါအဝင် ပြည်နယ်/တိုင်းတွေမှာ ၅ နာရီ မီးပေး၊ ၁၀ နာရီ မီးဖြတ် တောက်တဲ့စနစ်ကို စပြီး ကျင့်သုံးပါတယ်။ ရန်ကုန်တိုင်းတော့ မပါသေးဘူး” ဟု လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ပြည်နယ်/တိုင်း အသီးသီးရှိ မြို့နယ်များတွင် ယနေ့ မတ်လ ၁၁ ရက်နေ့မှ စတင် ၍ လျှပ်စစ်မီးများကို အုပ်စု A၊ B၊ C ၊D ခွဲ၍ ၅ နာရီလာ ၊ ၁၀ နာရီ မီးပျက်သည့် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင်မူ ၄ နာရီလာ ၊ ၄ နာရီ မီးဖြတ်သည့် စနစ်အတိုင်းပင် ဆက်လက် မီးပေးနေသည်ဟု ရန်ကုန်တိုင်းလျှပ် စစ်ရုံးမှ သိရှိရသည်။

“ရန်ကုန်မှာက မနက် ၅ နာရီကနေ မနက် ၉ နာရီ တစ်ကြိမ်၊ မနက် ၉ နာရီ ကနေ မွန်းလွဲ ၁ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ကနေ ညနေ ၅ နာရီအထိ တစ်ကြိမ် အဲဒီ မီးပေး၊ မီးဖြတ် အလှည့်ကျစနစ်နဲ့ပေးနေတယ်။ ညဘက်တွေတော့ စာမေးပွဲရှိတော့ မီးမဖြတ်ရဘူးလို့ စီမံချက်ရှိပါတယ်။ စာမေးပွဲပြီးရင်တော့ ဘယ်လိုလာဦးမလဲ မသိသေးပါဘူး” ဟု ရန်ကုန်တိုင်း လျှပ်စစ်ရုံးမှ တာဝန်ရှိသူက ပြောသည်။

သို့ရာတွင် ရန်ကုန်တိုင်းတွင် ညပိုင်း မီးတတ်နိုင်သမျှ ပေးနေသော်လည်း မီးအားမနိုင်ခြင်း၊ ဓာတ်အားရရှိမှု လျှော့နည်းလျှင် ညပိုင်းများလည်း မီးဖြတ်တောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုကတော့ ညပိုင်း လာချင်တဲ့အခါလည်း လာတယ်။ မလာတာကများတယ်။ မနက်ဆိုရင်တော့ ၅ နာရီကနေ မနက် ၉ နာရီအထိ မီးပြတ်တယ်။ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ လာတယ်။ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ တစ်ခါ မီးပြန်ပြတ်တယ်။ ညပိုင်းတော့ ပြတ်လိုက်၊ လာလိုက်ပဲ အချိန်ရယ်လည်းမရှိတော့ဘူး။ သူတို့ လုပ်ချင်သလို လုပ်နေကြတာပါပဲ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article