36 C
Yangon

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ရှင်းလင်း

Must read

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ရှင်းလင်း

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန်နေ့ ညပိုင်းတွင် မိုင်းခွဲ ရှင်းလင်းမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ပစ်မှတ်ထား ဖောက်ခွဲ မှု ဖြစ်ပွားခြင်းဖြစ်ပြီး Mytel တာဝါတိုင်၏ အောက်ခြေ ပျက်စီးသွားကြောင်း သိရှိရသည်။

“ဆတ်ကလေးကျေးရွာမိုင်တဲတာဝါတိုင်၂၇ရက်ည ၁၂နာရီဝန်းကျင်မှာပေါက်ကွဲပါတယ်။ တိုင်ရဲ့ အောက်ခြေပျက်စီးသွားပါတယ်။ အဲဒီမှာ မိုင်း၂လုံးကျန်နေလို့ စစ်ခွေးတွေက ဖြုတ်သွားပါတယ်။ ဆက်ကလေးကျေးရွာထဲရှိ မိုင်တဲ့တာဝါတိုင်မှာ မပေါက်ကွဲသေးသောလက်ကျန်ဗုံးအားဖြုတ်သိမ်းဖို့စစ်ခွေးနှင့်ရဲများ ဖြုတ်ပြီး ဖောက်ခွဲတယ်။ ဗုံးပေါက်ကွဲတဲ့ အသံမှာအလွန်ပြင်းထန်ပြီး ရွာနီးချောက်စပ်ရွာတွေသာမက ထန်းတပင်မြို့ပေါ်မှာအတိုင်းသားကြားရပါတယ်။ လူထိခိုက်မှုတော့မရှိပေမယ့် မိုင်တဲတာဝါတိုင်ရဲ့စက်ပိုင်းဆိုင်ရာတွေ ပျက်စီးကုန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း မှော်ဘီမြို့နယ်ရှိ စစ်တပ်တပ်ရင်းများထံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားပေးလိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မိုင်တဲတာဝါတိုင်များကို ဖောက်ခွဲရှင်းလင်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article