27 C
Yangon

ရန်ကုန်တိုင်း၊ မှော်ဘီ အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံးနှင့် မရမ်း ကုန်းမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်တိုင်း၊ မှော်ဘီ အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံးနှင့် မရမ်း ကုန်းမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံး နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မတ်လ ၁၇ ရက်နေ့ ဗုံးများပေါက်ကွဲကြောင်း ရန်ကုန် မြို့ပြပျောက်ကျားတပ်ဖွဲ့များက ပြောသည်။

မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် မှော်ဘီမြို့ အင်ဂျင်နီယာ GE တပ် အရာရှိလိုင်းခန်းနှင့် စစ်သည်လိုင်းခန်းတို့ကို မှော်ဘီတော်လှန်ရေး အင် အား စုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မှော်ဘီတော်လှန်ရေး အင်အား စုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

အလားတူ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားအနီးတွင် ပျော်ပွဲ ရွှင်ပွဲ ကျင်းပရန် စီစဉ်ထားသောနေရာကို အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း People’s Defense Force Western District Yangon က ပြောသည်။

မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်အချိန်၌ ကျိုက်ဝိုင်း ဘုရား အနီး တွင် စစ်ကောင်စီက ပျော်ပွဲရွင်ပွဲ ကျင်းပရန် စီစဉ်ထားသောနေရာကို အဝေး ထိန်း ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်း ခရိုင်နယ်မြေအတွင်း စစ်ကောင်စီကကျင်းပမည့် ပျော်ပွဲရွင်ပွဲများ လုံးဝ ပြုလုပ် ခွင့်မရစေရေး အတွက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီကပြုလုပ်မည့် အတု အယောင် ပျော်ပွဲ ရွှင်ပွဲများ၊ စစ်ကောင်စီတပ် များ၊ ယင်းတပ်များနှင့်ဆက်စပ်သည့် အဆောက် အအုံများ၊ ရုံးစိုက်ရာနေရာများကို ရှောင်ရှားသွားလာကြရန်နှင့် စစ်ကောင်စီ က ကျင်း ပမည့် သင်္ကြန်ပွဲတော်ကိုလည်း လုံးဝ ပါဝင်ပူပေါင်းခြင်း မပြုကြပါရန် သတိပေး တောင်းဆိုထား သည်။

ထို့အတူ မတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန် ရန်ကုန်တိုင်း လှည်း ကူးမြိုနယ် တရားရုံးရှေ့တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး အနည်းငယ် ဒဏ်ရာရရှိကြောင်း၊ပေါက်ကွဲမှု ဖြစ်အပြီးတွင် စစ်တပ်နှင့်ရဲများက လာရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“အခု လှည်းကူးမှာ စစ်ခွေးတွေ လုံခြုံရေးတင်းကျပ်ထားပါတယ်။ အခုလက်ရှိ ကတော့ အခြေအနေက ပြည်သူတွေကို ရမ်းပြီး ဖိနှိပ်မှာစိုးရိမ်ပါတယ်။ ဒီလို ဗုံးပေါက်တော့ ရန်ကုန်ဟာ မငြိမ်သက်ဘူးဆိုတာကို သိရလို့လည်း တစ်ဖက်မှာ ဝမ်းသာပါတယ်” ဟု လှည်းကူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း လှည်းကူးမြို့နယ် တရားရုံးရှေ့တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article