31 C
Yangon

ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံတို့တွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံတို့တွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တို့တွင် ယနေ့ မတ်လ ၂၇ ရက်နေ့ ညပိုင်း ဗုံးများ ပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ အချိန်မှစတင်၍ သာကေတမြို့နယ် အတွင်း တွင် ပစ်ခတ်သံများ ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသပြည်သူများက ပြော ဆိုကြသည်။

“ဒီည ၇ နာရီနဲ့ ၈ နာရီအကြားမှာ ပစ်ခတ်သံတွေလည်းကြားတယ်။ ပေါက်ကွဲ သံတွေ လည်းကြားတယ်။ ရန်ကုန်မှာက ည ၈ နာရီလောက်ဆို လမ်းပေါ်က လူက အတော်ကိုကျဲသွားပြီဆိုတော့ အပြင်လည်း ထွက်မကြည့်တော့ဘူး။ ဗုံးပေါက်ရင် ပေါက်တယ်ပေါ့။ ပစ်သံကြားရင်လည်း ကြားတယ်ပေါ့။ မစပ်စုရဲ ဘူး။ ဘာမှ အာမခံချက်မရှိဘူး” ဟု သာကေတမြို့နယ် ဝက်စုဘက်တွင် နေထိုင် သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News ကမူ ယနေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် သာကေတ ကမာကြည်လမ်းပေါ် သာကေတမြို့တော်ခန်းမ အနီးတွင်လည်း ကောင်း၊ ည ၇ နာရီ ၁၅ မိနစ်အချိန် သာကေတမြို့နယ် ကျောင်းကွေ့မှတ်တိုင် အနီး မော်တော်ပီကယ်ရုံးအနီးတွင်လည်းကောင်း ဗုံးများ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မြောက်ဥက္ကလာပတွင် လည်း ဗုံးပေါက်ကွဲကြောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင်လည်း ဗုံးပေါက်ကွဲ ကြောင်း ၊ လှိုင်သာယာတွင်လည်း ယနေ့ည ၈ နာရီဝန်းကျင်အချိန်တွင် ဗုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ဒဂုံတက္ကသိုလ် ဘက်က အတွဲလိုက်ပြစ်သံကြားရတယ်။ မိနစ် ၂၀ လောက် ကြာ တော့ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ အချိန်ကတော့ ဒီနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ကနေ ၈ နာရီ ၃၀ မိနစ်အကြားပါ” ဟု အရှေ့ဒဂုံ မြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်အနီးနေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article