ရန်ကုန်၊ တွံတေးမြို့ သပိတ် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့ အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မတ် ၁၃
ရန်ကုန်၊ တွံတေးတံတားပေါ်တွင် ယနေ့ မတ်လ ၁၃ ရက်နေ့၌ တော်လှန်လူငယ်များ ဦးဆောင်ကာ တွံတေးမြို့ သပိတ် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့ အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
တွံတေးမြို့ သပိတ်ကို အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဖြိုခွင်းခဲ့ပြီး ပြည်သူ ၄ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။



