30 C
Yangon

ရေစကြိုတွင် PDF စခန်း ၁ ခုကို စစ်တပ်က စီးနင်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရေစကြိုတွင် PDF စခန်း ၁ ခုကို စစ်တပ်က စီးနင်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ Myingyan Black Tiger(MBT) စခန်းကို ဝင် ရောက်တိုက်ခိုက်သော စစ်တပ်မှ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာသော အ ကြမ်းဖက်စစ်တပ် တပ်မ ၉၉ ကွန်မန်ဒို ဘီလူးစစ်ကြောင်းနှင့် Myingyan Black Tiger(MBT)၏ ကျား မဲစစ်ကြောင်းတို့ ၃ ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း Myingyan Black Tiger(MBT)၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီး ယနေ့မှ ပြန်လည်ရရှိခဲ့ ကြောင်း သိရ သည်။

“မနေ့စခန်းကို ဝင်စီးခံလိုက်ရတာ၊ ဒီနေ့မှ ပြန်ရတယ်၊ ဒီနေ့ ကျနော်တို့ ရဲဘော်နှစ်ဦး ဒဏ်ရာရတယ်၊ တစ်ဦးကတော့ အရေးပေါ်ပို့ထားတယ်၊ စစ်ရေးကတော့ အခုထိတင်းမာနေတုန်းပဲ၊ စစ်ခွေးတွေက ရှိနေသေးတော့ အသင့်အနေအထားဖြစ်နေတာ” ဟု Myingyan Black Tiger(MBT) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

Myingyan Black Tiger (MBT)၏ ကျားမဲစစ်ကြောင်းအား MBT၏ အထူးညီနောင်မဟာမိတ်များမှ ပါဝင်ကူညီအားဖြည့်ထားပြီး စစ်ရေးဆက်လက်တင်းမာနေမှုကြောင့် မိဘပြည်သူများအနေဖြင့် ကူည ထောက်ပံ့ပေးကြပါရန် Myingyan Black Tiger(MBT)က အထူးပင် မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MSPDF တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား ၃၀ ဦးပါ စစ်တပ် စစ်ကြောင်းကို ကိုးပင်ကျေးရွာ အနီးတွင် Myaung Special People Defense Force -MSPDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ စစ်သားများ ကိုင်ဆောင်သည့် သေနတ် ၂ လက်လည်း မီးလောင် ပျက်စီးသွားကြောင်း သိရသည်။

” ကျောက်ရစ်ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်သား ၃၀ ဦးပါ စစ်ကြောင်းကို ကိုးပင်ကျေးရွာ အရှေ့ဘက်နား အရောက်မှာ အသင့်ပြင်ဆင် ထားတဲ့ ကျွန်တော်တို့ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄)-MSPDF က ထုတ်လုပ်တဲ့ မိုင် ၂ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၅ ကောင် ပွဲချင်းပြီး သေတယ်။ စစ်ခွေးအနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ခွေးများ ကိုင်ဆောင်ထားတဲ့ သေနတ် ၂ လက်လည်း မီးလောင် ပျက်စီးသွားတယ်” ဟု Myaung Special People Defense Force -MSPDF က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article