26 C
Yangon

ရေစကြိုနှင့် ပခုက္ကူတွင် ပျူစောထီးများကို တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

Must read

ရေစကြိုနှင့် ပခုက္ကူတွင် ပျူစောထီးများကို တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၆ တပ်အနီးနှင့် ပခုက္ကူမြို့နယ်တို့တွင် ပျူစောထီးများကို PDF တပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

ယနေ့မတ်လ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က ရေစကြိုမြို့၊ ခလရ ၂၅၆ တပ်အနီး သေနတ်များကိုင် ဆောင် ထွက်လာသော ပြည်သူ့စစ် ကျောက်ခဲနှင့် ပျူစောထီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပကဖ က ၀င်ရောက်ပစ်ခတ်ရာ ကျောက်ခဲမှာ နေရာမှာတွင်ပင် ပွဲချင်း ပြီးသေဆုံးကြောင်း၊ ကျန်ပျူစောထီးနှစ်ဦးမှာ သေနတ်များပစ်ချပြီး ထွက်ပြေး သွားကြောင်း ရေစကြိုပကဖ ထံမှ သိရသည်။

“တပ်အနီးမှာပဲ အနီးကပ်အလစ်အငိုက်တိုက်ခိုက်ခဲ့တာ၊ ကင်းလှည့်သဘောမျိုးပဲ ထွက်လာတာ၊ သူတို့ က ကျောင်းတွေဘာတွေရှေ့မှာလည်း လိုက်စစ်တာမျိုးရှိတယ်၊ အနီးကပ်တိုက်ခိုက်ခဲ့ တာဆို တော့ ကျ နော်တို့ဘက်က ရဲဘော်တွေမှာက ပွန်းပဲ့တာလောက်ပဲ ရှိခဲ့တာပါ၊ ကာဘိုင်တစ်လက်၊ ကျည် ဘောက် နှစ်ခု၊ ကျည် ၁၀၁ တောင့်၊ ရှေ့ဂန်းတစ်လက်၊ ကျည် ၁၄ တောင့်နဲ့ ကတ်သီး တစ်ခု သိမ်းဆည်းရရှိခဲ့ပါ တယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ မတ်လ ၁၅ ရက်နေ့ ပခုက္ကူမြို့နယ်တွင် ထန်းရည်သောက်နေသော ပျူစောထီး ၃ ဦးကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ၃ ဦးလုံး သေဆုံးသွားပြီး သေနတ် ၃ လက်ကို သိမ်း ဆည်းရရှိခဲ့ကြောင်း Special Guerilla Force – Pakokku ထံမှ သိရသည်။

ပခုက္ကူမြို့၊ ပျူစောထီး ဆန်းသော်၏ တပည့်များဖြစ်ကြသော တင်းဂတ်ကျေးရွာမှ မှ ပျူစောထီး အဖွဲ့ဝင် ၃ ဦးတို့ ထန်းရည်ဆိုင်၌ ထိုင်ကာ ထန်းရည်သောက်နေစဉ် Special Guerilla Force – Pakokku တပ်ဖွဲ့ဝင်များမှ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူစောထီး ၃ ဦးစလုံး သေဆုံးသွားပြီး၎င်း တို့ကိုင်ဆောင်သော ကာဘိုင် သေနတ် ၁ လက်၊ MA 1 တစ်လက်၊ ပစ္စတို သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article