29 C
Yangon

ရေစကြိုနှင့် မြောင်မြို့နယ်အကြား မြစ်ဆုံ၊ မြစ်သာကျေးရွာများသို့ လူသတ် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးနေရ

Must read

ရေစကြိုနှင့် မြောင်မြို့နယ်အကြား မြစ်ဆုံ၊ မြစ်သာကျေးရွာများသို့ လူသတ် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်အကြားတွင် ပြည် သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သော လူ သတ်စစ်တပ်စစ်ကြောင်း ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း လူသတ် ဘီလူးစစ်ကြောင်းက မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာမှ တစ်ဆင့် မြစ်သာနှင့်မြစ်ဆုံကျေးရွာများသို့ ဝင်ရောက် လာကြောင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်မှ စစ်တပ် စစ်ကြောင်းကလည်း စစ်ကြောင်းထိုးလာကြောင်း၊ ရေစကြိုမြို့နယ်၊ ကျောမကြားဘက်မှ စစ်ကြောင်း ကလည်း စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

“အခု အကုန်ပြေးနေရတာ။ မနက်အစောကြီးကတည်းက။ စစ်ကြောင်းတွေက ၂ ကြောင်း ၃ ကြောင်း တက်လာနေတာ။ ဘာမှ မယူနိုင်ဘူး။ တစ်ပိုင်တစ်နိုင် သယ် ပြီး ပြေးနေရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article