32 C
Yangon

ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

Must read

ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၁ ထင်းတန်းရပ် ကွက်၊ မီး ကင်းလမ်းဆုံတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၆ ရက်​နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ရေစကြိုမြို့ နယ် စုပေါင်းရုံးနှင့် ဆေးရုံကြီး၌ တပ်စွဲထားသောအကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့် သည် စစ်ကြောင်း ၃ ကြောင်းခွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များနေရာယူထားသည့် ရပ် ကွက် အတွင်းသို့ နယ်ကျွံဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေစကြိုမြို့ပေါ်က ကျနော်တို့ MBT ရဲ့ထိန်းချုပ်နယ်မြေတစ်ခုကို ဝင်ရောက်ကျူးကျော်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ အပြန်အလှန်ပစ်ခတ်မှု အနေနဲ့ကတော့ ၅ မိနစ်လောက်ပဲဖြစ်ခဲ့တယ်။ သူတို့ ဘက်က ပြန်ဆုတ်သွားတာ၊ ပြန်ဆုတ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကို သွားစစ်ဆေးတဲ့အခါမှာ သူတို့ ရဲ့သွေးကွက်တွေ၊ သွေးစတွေကို ဓာတ်ပုံရိုက်ယူခဲ့တယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ရေစကြိုမြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article