27 C
Yangon

ရေစကြိုမြို့၊ ဌာနဆိုင်ရာ စုပေါင်းရုံး ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ် သားများသေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်တပ် တပ်စွဲထားသော စည်ပင် ရုံးကို တိုက်ခိုက်

Must read

ရေစကြိုမြို့၊ ဌာနဆိုင်ရာ စုပေါင်းရုံး ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ် သားများသေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်တပ် တပ်စွဲထားသော စည်ပင် ရုံးကို တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ ရေစကြို့မြို့၊ အမှတ် ၂ စည်ပင်သာယာရေးရပ်ကွက်ရှိဌာနဆိုင်ရာ ရုံးတွင် တပ်စွဲထား သော အကြမ်းဖက်စစ်သား များကို လောင်ချာဖြင့် ဝင်ရောက် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက် ည ၇ နာရီခန့် ရေစကြိုမြို့ရုံးပေါင်းစုံတွင် တပ်စွဲ ထား သော အကြမ်းဖက် စစ်သားများကို တာဝေးပစ်လက်နက်ကြီးဖြင့် ဝင်ရောက် ပစ် ခတ်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လောလောဆယ် စစ်ကြောင်းနီးလို့ မစုံစမ်းနိုင်သေးဘူး။ လက်နက်ကြီးနဲ့ ရုံး ထဲ အထိဝင်ပစ်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုက ၂ မိနစ်လောက်ကြာတယ်၊ စစ်ခွေး ဘယ်နှစ်ကောင်သေလဲဆိုတာတော့ မစုံစမ်းရသေးဘူး”ဟု Myingyan Black Tiger မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မတ်လ ၁၈ ရက်နေပ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စည်ပင်သာယာရေးရုံးတွင် လုံခြုံရေးအစောင့် စစ်သားများ ကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ၁၊ တပ်ရင်း ၅ ၊တပ်ခွဲ ၃ နှင့် Ranger Army တို့က ပူးပေါင်း၍ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စိစစ်နေဆဲဖြစ်ကြောင်း ဒေသတော်လှန်ရေး အဖွဲ့ မှ ဗိုလ်ရန်ကြီးက ပြောကြားသည်။

ဓာတ်ပုံ- ရေစကြိုမြို့ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးကို လောင်ချာဖြင့် ပစ်ခတ်တိုက် ခိုက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article