28 C
Yangon

ရေတာရှည်တွင် PDF ထောက်/ပို့မိသားစုကို ချောင်းမြောင်းလုပ်ကြံခဲ့သူ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံး

Must read

ရေတာရှည်တွင် PDF ထောက်/ပို့မိသားစုကို ချောင်းမြောင်းလုပ်ကြံခဲ့သူ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအုပ်စု၊ ကျောက်အိုး ကျေး ရွာနေ PDF ထောက်ပို့ မိသားစုအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သူ ပျူစော ထီး ၂ ဦးကို ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွား ပြီဖြစ်ကြောင်း ရေတာ ရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက်နေ့ နံနက် ၂ နာရီခန့်က PDF ထောက်ပို့မိသားစု နေအိမ် အတွင်းသို့၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ပြီး တူးမီးသေနတ်အတိုဖြင့် ပစ်ခတ်ရာ PDF တပ်ဖွဲ့ကို ထောက်ပံ့ကူညီနေသူ အမျိုးသားမှာ ဒဏ် ရာအများအပြားရရှိပြီး ဆေးဝါးကုသမှုအချိန်ကြာကြာခံယူခဲ့ရကြောင်း၊ လုပ်ကြံခံရမှုဖြစ်စဉ်ကို စုံစမ်း ဖော်ထုတ်ရာ စစ်တပ်လက်အောက်ခံ အသက် ၄၆ နှစ်အရွယ် ကြည် နိုင်နှင့် အသက် ၄၉ နှစ်အရွယ် မောင်နိုင်တို့ကို မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အရေးယူဆောင်ရွက်သည့်အနေဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

“၄၀ မမနဲ့ဗုံးသီးနဲ့အိမ်ထဲကို ပစ်သွင်းတာ၊ မကွဲလို့ ထကြည့်လိုက်တဲ့အချိန် တူမီးအတိုနဲ့ပစ်တာ၊ လူက တော့ ထိတာ မွနေတာပဲ၊ အစ်ကိုတို့အဖွဲ့ကပဲ ဆေးကုသပေးလိုက်ရတယ်၊ အခုတော့ ကောင်းသွားပါပြီ၊ ဒီဖြစ်စဉ်ရဲ့ နောက်မှာ ကွင်းဆက်လိုက်ရတာ အတော်ကြာကြာစောင့်ပြီးမှ သေချာအတည်ပြုဖမ်းခဲ့တာ၊ စစ်ဆေးတွေ့ရှိချက်တွေကို အတည်ပြုလို့ရပြီဆိုမှ ပြစ်ဒဏ်ချလိုက်တာပါ၊ မြေပြင်သတင်းကောင်းလို့ ဆက်စပ်တရားခံတွေကို အချိန်အတော်ကြာမှ ဖမ်းယူနိုင်ခဲ့တယ်” ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား‌ ထောက်ပံ့ကူညီပေးနေသူမိသားစုအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သူ အသက် ၄၆ နှစ်အရွယ် ကြည် နိုင်နှင့် အသက် ၄၉ နှစ်အရွယ် မောင်နိုင်တို့အား မတ်လ ၂၄ ရက်နေ့က အပြစ်ပေး အရေး ယူ ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူး လွန်ရာတွင်ပူးပေါင်းပါဝင်သူ နောက်ထပ်တရားခံတစ်ဦးကိုလည်း လိုက်လံစုံစမ်းနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article