33 C
Yangon

ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုထောက်ပို့တပ်တွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၉ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက်​နေ့ နံနက် ၁၁ နာရီအချိန် ရွှေဘိုမြို့ထောက်ပို့တပ်မှ စစ်သင်တန်းဆင်း ပျူစောထီးများကို စစ်ကိုင်းမြို့၊တပ်မ ၃၃ သို့ ပို့ဆောင်ရန် ထွက်လာသော ၆ ဘီးကား ထောက်ပို့ ယာဉ် ၂ စီးနှင့် လမ်းရှင်း ခြေလျင်စစ်စစ်သား ၄၀ ခန့်ကို ရွှေဘို- ကျောက် မြောင်းလမ်းပိုင်း တစ်လျှောက် အကြိမ် ကြိမ် မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

“ဒီနေ့တပ်ထဲ သတင်းပေးဆီက သိရတာတော့ ၂၀ လောက်သေတယ်ကြားတယ်၊ ကျနော်တို့ကတော့ ကျနော်တို့ဆွဲခဲ့တဲ့ပွိုင့်အတွက်ပဲ စုံစမ်းထုတ်ပြန်ထားတာ၊ ဖရဲသီးပြောတာက တစ်လမ်းလုံးစာရင်းလား မသိဘူး၊ ကြိုတင် သတင်းရတဲ့အတွက် အဖွဲ့အသီးသီးက ရွှေဘို-ကျောက်မြောင်းလမ်းကြောတလုံး မိုင်း တွေဆင်ပြီး ဆွဲခဲ့တာ”ဟု နေလစင်္ကြာ-Shwebo PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ် သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်နေရသော တည်ပင်ကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးနေစဉ် နေလစင်္ကြာ_Shwebo PDF၊ Ranger Army၊ Ghost Rider Special Task Force နှင့် တောကျီးကန်း ပကဖတို့ပူးပေါင်းပြီး ရှော့တိုက် ဒုံး၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ရှော့တိုက်ဒုံး ပစ်စင်ကွဲသွားသည့် အတွက် ပြည်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ဓါတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF တပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article