30 C
Yangon

ရွှေဘိုမြို့၊ အများပြည်သူ​နေရာ ၂ ခု နှင့် ခရီးသည်တင်ကားတစ်စီးကို စစ်တပ်နှင့် ပျူစောထီးများ က ဗုံးခွဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ၊ PDF အ​ပေါ် အပြစ်ပုံချရန်နှင့် ပြည်သူက တော်လှန် ရေးအပေါ် အထင်အမြင်လွဲစေရန် လုပ်ဆောင်ချက်အဖြစ် တော်လှန်ရေးအဖွဲ့က တရားဝင် ရှုတ်ချ

Must read

ရွှေဘိုမြို့၊ အများပြည်သူ​နေရာ ၂ ခု နှင့် ခရီးသည်တင်ကားတစ်စီးကို စစ်တပ်နှင့် ပျူစောထီးများ က ဗုံးခွဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ၊ PDF အ​ပေါ် အပြစ်ပုံချရန်နှင့် ပြည်သူက တော်လှန် ရေးအပေါ် အထင်အမြင်လွဲစေရန် လုပ်ဆောင်ချက်အဖြစ် တော်လှန်ရေးအဖွဲ့က တရားဝင် ရှုတ်ချ

ရန်ကုန်၊ မတ်၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ လူစည်ကားရာ ကားကြီးကွင်းအနီး တံတားပေါ်နှင့် ကားကြီးကွင်း မြောက် ဘက်လမ်းပေါ်နှင့် မန္တလေး-ရွှေဘိုကားမပေါ်တွင် ခရီးသည်တင်ကား တစ်စီးကို အကြမ်းဖက်စစ်တပ်လက်အေက်ခံ ပျူစောထီးများက မိုင်းထောင် မိုင်းခွဲသဖြင့် ပြည် သူ ၂ ဦးသေဆုံးပြီး သံဃာတော်တစ်ပါး၊ ကလေး ငယ်များအပါအဝင် ပြည်သူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့နှင့် ဒေသပြည်သူများက ပြောသည်။

ယမန်နေ့ မတ်လ ၂၈ နံနက်ပိုင်း ရွှေဘိုမြို့လူစည်ကားရာ ကားကြီးကွင်း အနီးရှိ တံတားပေါ်တွင် မိုင်းကွဲခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေး ငယ် တစ်ဦးအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ တံတားပေါ်ရှိ လူနာများ ကောက် နေချိန် ကားကြီးမြောက်ဘက်လမ်းပေါ်တွင် ဒုတိယအကြိမ်ထပ်မံမိုင်းခွဲခဲ့ရာ ကလေးငယ်နှစ်ဦး အမျိုး သား ၁၂ ဦး၊ အမျိုးသမီး ၈ ဦးဒဏ်ရာရရှိပြီး စိုးရိမ်ရလူများကို မန္တလေးဆေးရုံကြီးသို့ လွဲပြောင်း ကုသ စဉ်အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက သူတို့အရာရှိတွေကို ကာကွယ်ဖို့ မိုင်းထောင်ထားတာ ဘာဖြစ်လို့လဲ ဆိုရင် စစ်ခွေးတွေလုပ်လေ့လုပ်ထရှိတဲ့အရာပေါ့၊ သူတို့ရဲ့အရာရှိတွေလာရင် PDF တွေ ဝင်မလာနိုင်အောင် ကြိုပြီးတော့ မိုင်း​တွေ​​ထောင်ပြီး ပြင်ဆင်တယ်၊ စစ်ခွေးတွေက ကာမိုင်းထောင်တာ” ဟု Black wolf – Army တပ်ဖွဲ့မှတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်မီဒီယာဌာနသို့ သုံးသပ်ပြောကြားသည်။

ပျူစောထီးများနှင့် စစ်တပ်၏ လုပ်ရပ်သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်ဖြစ် သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Forces) များအနေဖြင့် မလုပ်ဆောင်ကြောင်း၊ ယခုကဲ့သို့ ပြည်သူထူထု ထိခိုက်နစ်နာစေသည့် ဖောက်ခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အဖွဲအစည်းကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခဲ့သည့် စစ်ကောင်စီ တပ်ရင်း နံပါတ်၊ ဦး ဆောင်သူနှင့် စစ်ကောင်စီတပ်ဖွဲ ဝင်များ ၊ ၄င်းတို့၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များအား BLACK WOLF – ARMY သို့ ပေးပို့နိုင်ပြီး လက်စားချေတိုက်ခိုက်သွားမည် ဖြစ်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

ထို့ပြင် ရွှေဘိုတွင် လူသေဆုံးမှု ရှိစေသည့် မိုင်းထောင်းမိုင်းခွဲမှုသည် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ရွှေဘိုမြို့ခံ တစ်ဦးက ဆိုသည်။

“ စစ်ခွေးလူကြီးခရီးစဉ်ရှိတာ၊ ရွှေဘိုဈေးသည်တွေဆီက ဝက်သား၊ အမဲသားတွေ လာလုသွားတယ်၊ ပျူစောထီးတွေ လွှတ်ပြီး မူးဘောင်ဘေး ကားကွင်းထိပ်ဗုံးလာခွဲတာ၊ ပြည်သူတွေသေအောင်၊ PDF တွေနဲ့ ပြည်သူတွေနဲ့ ရန်တိုက်ပေးတာ၊ အခုလမ်းဘေးဈေးသည်တွေ၊ ဆိုင်ခန်းတွေဖျက်ပေးနေရပြီ၊ ပန်းခြံပေါက်က ဆိုင်တွေပါ ဖျက်ပေးနေရတာ၊ မနေ့မနက်က ဗုံးခွဲမှုကလည်း စစ်ခွေးတွေ၊ ပျူတွေခွဲတာ ထမင်းစားတဲ့သူတိုင်းသိတယ်၊ လူ အစည်ကားဆုံးနေရာမှာခွဲတာ” ဟု ရွှေဘိုမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနှင့် ဗီးတောကျေးရွာကြား မန္တလေး- ရွှေဘိုကားလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ခရီးသည်တင်ကား တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article